🚨 အပိုင်း 39 🚨

22.3K 436 8
                                    

❤️ Love & Fortune ❤️

အပိုင်း 39

🚨 Warning - R 18 🚨

"အိပ်ကြမယ်လေ ယော....."

ပိုးရုံ အိပ်ဖို့အတွက် ခုတင်ခြေရင်းမှ ဂွမ်းစောင်လေးကိုဆွဲယူလိုက်လျှင် ယောက သူမအား ပြုံးပြီးကြည့်နေတာကြောင့် စိတ်ထဲတစ်မျိုး ခံစားသွားရသည်။

ကြည့်နေရင်းနဲ့ ယောက သူမအနားသို့ တဖြည်းဖြည်းတိုးကပ်လာလျှင် ပိုးရုံ ရင်ခုန်သံတွေ မြန်ဆန်လာရ၏။

နောက်ဆုံးတော့ သူမထင်နေသည့်အတိုင်း ယောက သူမရဲ့ နှုတ်ခမ်းလေးတွေကို သူ့နှုတ်ခမ်းတွေနဲ့ ထိကပ်ပြီး နမ်းရှိုက်လာလျှင် ပိုးရုံ မျက်၀န်းတွေကို မှိတ်ချလိုက်မိကာ ယောရဲ့ အနမ်းတွေကို ပြန်ပြီး တုံ့ပြန်မိသည်။

နှုတ်ခမ်းလွှာချင်း ပွတ်တိုက်နမ်းရှိုက်ကြရာကနေ ယောရဲ့ လျှာက သူမခံတွင်းထဲသို့ တိုး၀င်ရန် ကြိုးပမ်းလာလျှင် ပိုးရုံ အလိုက်တသိဖြင့် သူမနှုတ်ခမ်းလေးကို ဖွင့်ဟပေးလိုက်မိသည်။

ယောနဲ့ သူမတို့ နှုတ်ခမ်းချင်းဂဟေစပ်ကြရင်းကနေ ယောက သူမကိုယ်ပေါ်သို့ အုပ်မိုးလာတာကြောင့် ပိုးရုံ အိပ်ရာပေါ်
အသာလှဲချကာ သူမရဲ့ လက်တွေကို ယောရဲ့ လည်တိုင်မှာ ယှက်တွယ်ထားလိုက်သည်။

နှစ်ယောက်သား အားရအောင် နမ်းရှိုက်ကြပြီးတဲ့နောက် ယောက သူမကိုယ်လုံးလေးကို ခွလိုက်ကာ သူမ ၀တ်ထားသည့် တီရှပ်အပွလေးကို မြန်မြန်ဆန်ဆန်ပဲ ဆွဲချွတ်ပစ်လိုက်ပြီး သူမအားရီဝေစွာကြည့်လာ၏။

"ညလေး...."

"ဟင်....."

"သမီးလေးကို ညလေး ခုဏက ဘယ်ဘက်နဲ့ တိုက်ထားတာလဲဟင်...."

စစချင်း ယော ဘာကိုမေးတာလဲဆိုတာ
ပိုးရုံ သဘောမပေါက်ပေ။

နောက် ၅ စက္ကန့်လောက်စဥ်းစားပြီးတော့မှ ယောဘာကို ဆိုလိုချင်တာလဲဆိုတာကို သဘောပေါက်သွားပြီး မျက်နှာပူပူနဲ့ပဲ သူမရဲ့ ညာဘက်ရင်သားလေးပေါ် လက်လေးအုပ်ပြလိုက်မိသည်။

ထိုအခါ ယောက လျင်မြန်စွာဖြင့် သူမရဲ့ ဘယ်ဘက်ရင်သားထိပ်လေးကို အသေအချာ ငုံ့ပြီးစုပ်လာလျှင် ပိုးရုံ အသံကျယ်ကျယ်နဲ့ ညည်းမိသွားမှာဆိုးတာကြောင့် အောက်နှုတ်ခမ်းလေးကို သွားဖြင့်အသာဖိကိုက်ထားမိ၏။

❤️ Love & Fortune ❤️Место, где живут истории. Откройте их для себя