❤️ ဇာတ်သိမ်းပိုင်း ❤️

12.7K 416 40
                                    

❤️ Love & Fortune ❤️

ဇာတ်သိမ်းပိုင်း

မက်မွန်သီးရောင် Swimsuit လေးနဲ့ တကယ့်လုံးလုံးတစ်တစ် မက်မွန်သီးလေးလိုမျိုး ချစ်ဖို့ကောင်းနေတဲ့ သမီးလေးကို
ကြည့်ပြီး ပိုးရုံ ပြုံးလိုက်မိသည်။

"မာမီ ကြိုးကြိုး လှရားဟင် ....."

"လှတာပေါ့ .... မာမီ့ကြိုးကြိုးလေးက အရမ်းလှတာ ... Disney က Princess လေးတွေတောင် အရှုံးပေးရမယ်....."

သမီးလေးက သူမရဲ့ ချီးကျူးစကားကို သဘောကျစွာဖြင့် တခစ်ခစ်ရယ်သည်။

ထို့နောက် ပိုးရုံ သမီးရဲ့ ချစ်စရာဆံပင်လိမ်လိမ်လေးတွေကို စုပြီး စည်းလိုက်ကာ ဆံထုံးခပ်ပုံ့ပုံ့လေး ထုံးပေးလိုက်သည်။

"ညလေးရေ စက်လှေရောက်ပြီနော်.... နေသိပ်မပူခင် ကိုယ်တို့ သွားကြရအောင်....."

ဒီနေ့ကိုတော့ ပိုးရုံတို့ မိသားစု စက်လှေလေးတစ်စင်းငှားပြီး နေ့တစ်ပိုင်း လျှောက်လည်ဖို့စီစဥ်ထားတာကြောင့် ယောက နေသိပ်မပူခင်သွားကြရအောင်ဆိုပြီး သူမတို့သားအမိအား လာခေါ်တာဖြစ်သည်။

"ယော သားလေးရောဟင်....."

"သားက အပြင်မှာပဲ စောင့်နေတယ် ညလေးရဲ့ .... လာ ကိုယ်တို့သွားကြရအောင်...."

ယောမှာ မက်မွန်သီး၀တုတ်လေးလိုမျိုး ချစ်ဖို့ကောင်းနေသည့် သမီးပေါက်စကို ပွေ့ချီပြီး ညလေးလက်ကို ဆွဲကာ ဟိုတယ်ခန်းထဲမှ ထွက်လာခဲ့သည်။

ဒီနေ့ ညလေးက ခြေမျက်စိအထိဖုံးသည့် ကြိုးတစ်လုံး ဂါ၀န်ရှည်လေးကို ၀တ်ထားကာ သူနဲ့ သားလေးကတော့ ဒူးအတိရှိတဲ့ဘောင်းဘီတိုလေးတွေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမည့် Polo shirts လေးတွေကို ၀တ်ထားကြသည်။ သားလေးအင်္ကျီက အဖြူရောင်ဖြစ်ပြီး သူကတော့ နီညိုရောင် ဖြစ်သည်။

စက်လှေကို ဒီနေ့ နေ့တစ်ပိုင်းစာ ငှားထားတာဖြစ်ပြီး guide လုပ်ပေးမည့် ဒေသခံကောင်လေးတစ်ယောက်ပါ ပါလာတာကြောင့် သူတို့မိသားစုအတွက် အဆင်ပြေသည်။

ထို့အပြင် စက်လှေက ကြီးလဲကြီးတာမို့ သူတို့ မိသားစု ၄ယောက်အတွက် လွတ်လွတ်လပ်လပ်လဲ ရှိလှသည်။

❤️ Love & Fortune ❤️Where stories live. Discover now