❤️ အပိုင်း 21 ❤️

13.6K 466 9
                                    

❤️ Love & Fortune ❤️

အပိုင်း 21

သူမကို စောင့်ပေးရင်းနဲ့ပဲ သူ့ဘေးမှာရှိနေသည့် သားလေးက တဖြည်းဖြည်းငိုက်မြည်းလာတာကြောင့် လူနာစောင့်အဖြစ် သူတို့ထိုင်နေသည့် sofa ခုံတန်းလေးပေါ်မှာ သားကို လှဲစေကာ သူ့ပေါင်ပေါ် ခေါင်းအုံးအုံးပြီး အိပ်စေသည်။

"သား ဒယ်ဒီရဲ့ပေါင်ပေါ် ခေါင်းအုံးအုံးပြီး တရေးအိပ်လိုက်.... သားရဲ့ မာမီလဲ အခု သတိမှ ပြန်ရမလာသေးတာ.... သားခဏ အိပ်လိုက်ဦးနော်.....သားမာမီ သတိပြန်ရလာရင် သားကို ဒယ်ဒီ နှိုးမယ်....."

သားမှာ ငိုက်မြည်းမှေးစင်းနေသည့် မျက်လုံးလေးတွေနဲ့ အားတင်းပြီး သူ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလာသည်။
ထို့နောက် သူ့ပေါင်ပေါ်  ခေါင်းအုံးအုံးကာ ခုံတန်းပေါ်မှာခွေခွေလေးလှဲပြီး သားကအိပ်ပျော်သွားရှာ၏။

သားလေး အိပ်ပျော်သွားပြီဆိုတော့မှ
ယော သားရဲ့ မျက်နှာလေးကို ငုံ့ကြည့်ကာ စိတ်ထဲလဲ တွေးစရာတွေ အများကြီး ဖြစ်သွားရသည်။

သားရယ်၊ သူမရယ်၊ သူမဗိုက်ထဲက ကလေးလေးရယ်နဲ့ ပတ်သက်ပြီး မမျှော်လင့်ဘဲ ဖြစ်လာရတဲ့ ဒီအခြေအနေတွေကိုသူ့အနေနဲ့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းမှရမည်။

အထူးသဖြင့် သူမဗိုက်ထဲမှ ကလေးလေးကို အခုထဲက အကောင်းဆုံးဆိုတာတွေ ပေးနိုင်ဖို့အတွက် ကြိုပြီးပြင်ဆင်ရမှာဖြစ်သလို သားလေး စိတ်ထဲမှာလဲ အငယ်လေးကို သူ့ထက် ပိုချစ်တယ်ဆိုတဲ့ အတွေးတွေ မ၀င်ရအောင် သားအပေါ်ကိုလဲ အရင်ကထက် အများကြီး ချစ်ခင်ကြင်နာပေးရမည်။

ကလေးနှစ်ယောက်အတွက် စဥ်းစားပြီးသွားတော့ သူမအတွက် ယော စဥ်းစားရပြန်သည်။

သူမ အခုတလော ကလေးဆန်လာသည်ဟု ထင်ရတာ မဟုတ်မှ ဗိုက်ထဲမှာ ကလေးရှိနေခဲ့လို့များလား။

ကလေးရှိနေလို့ ဒီလိုမျိုး ကလေးဆန်လာသည်ဆိုရင် ရှေ့လျှောက် သူ့အဖြစ်က တကယ်မလွယ်တော့ဘူးဟု ယော တွေးမိသွားရသည်။

သူမတို့ သားအမိတွေအတွက် လှည့်ပတ်စဥ်းစားပေးပြီး ဘယ်လိုတွေ ဂရုစိုက်ကြင်နာရမလဲဆိုတာကို တွေးကြည့်ရင်း သူ့စိတ်တွေ နူးညံ့သိမ်မွေ့နေတာကို ယော သတိထားမိတာကြောင့် ကျေနပ်စွာ တစ်ချက်ပြုံးမိသွားရ၏။

❤️ Love & Fortune ❤️Where stories live. Discover now