❤️ အပိုင်း 68 ❤️

6.2K 319 10
                                    

❤️ Love & Fortune ❤️

အပိုင်း 68

နှစ်ကုန်စာမေးပွဲတွေဖြေခါနီးတော့ သားလေးတို့ရဲ့ ကျောင်းက စာမေးပွဲမဖြေခင် Self-Study Time ဆိုပြီး ကျောင်း ၁၀ရက် ပိတ်ပေးသည်။ ထို ၁၀ရက်ပြီးရင် ဘာသာရပ်ဆိုင်ရာ စာမေးပွဲအသီးသီးကို ဖြေဆိုရမည်မို့ သားလေးမှာ အခုတလော စာအုပ်နဲ့ လူနဲ့က အမြဲတတွဲတွဲပင်။

ဒီနေ့တော့ အိမ်ကို သားရဲ့ သူငယ်ချင်းတွေရောက်လာပြီး စာအတူတူလုပ်ကြမှာမို့ ပိုးရုံ ကလေးတွေစားဖို့အတွက် ကြာဆံကြော်လေး လုပ်ပေးရန် မီးဖိုချောင်ထဲရောက်နေမိသည်။

ယောကတော့ အစည်းအဝေးတစ်ခုရှိလို့ဆိုပြီး မနက်အစောကြီးထဲက ကုမ္ပဏီကိုသွားသည်။

"မာမီ.... "

အသံသေးသေးလေးကြား၍ ပိုးရုံ လှည့်ကြည့်လိုက်လျှင် ည၀တ်၀မ်းဆက် အနီရောင်လေးနဲ့ သမီးက အိပ်ချင်မူးတူးလေးဖြင့် မီးဖိုချောင်တံခါး၀မှာ ရပ်နေသည်။

ဆံပင်လေးတွေကလဲ ဖွာလန်ကြဲပြီး ထိုးထိုးထောင်ထောင်ဖြစ်နေ၏။

အိပ်ပုတ်လေး အိပ်လိုက်တာဆိုတာ....
မနှိုးဘဲထားလိုက်မိတာ အားလုံး မနက်စာ စားပြီးတဲ့အချိန်ကျမှ နိုးလာတော့သည်။ 

"နိုးပြီလား မာမီ့ အူကျူးလေး .... မာမီ့ဆီလာပါဦး "

ပိုးရုံ သမီးကို လက်လေးဆန့်တန်းကာ ကြိုဆိုလိုက်လျှင် သမီးက လှုပ်တုတ်လှုပ်တုတ်ဖြင့် သူမရင်ခွင်လေးထဲရောက်လာသည်။

"မာမီ .... ကြိုးကြိုး ဗိုက်ဆာသယ်.... "

"ဗိုက်ဆာတယ်ဆိုပြီးပြောနေတာ မျက်နှာရော သစ်ရသေးလို့လား .... "

"ဟီး .... သစ်ရသေး၀ူး "

သွားလေးဖြီးပြီးပြောသော သမီးကို ပိုးရုံ မျက်စောင်းလေးရွယ်ပြီး ပြုံးလိုက်မိသည်။

"သွားအဲ့တာဆို သွားသစ်ဦး .... မာမီ ဒီမှာ ကြိုးကြိုးအတွက်လုပ်ထားတဲ့ မနက်စာလေး ပြန်နွှေးထားလိုက်မယ်......"

"ကြိုးကြိုးရဲ့ မနက်စာက ဘာရေးရဲဟင် မာမီ ....  "

"ဒင်းဆမ်းလေးတွေလေ.... ကြိုးကြိုးကြိုက်တဲ့ ၀က်သားပေါင်းနဲ့ နိုင်လွန်ပုစွန်လေးတွေကို မာမီက အစောကြီးထပြီး လုပ်ထားပေးတာ....."

❤️ Love & Fortune ❤️Where stories live. Discover now