❤️ အပိုင်း 17 ❤️

12.7K 461 4
                                    

❤️ Love & Fortune ❤️

အပိုင်း 17

ချယ်ရီကေသာက သူမအား ကျေနပ်အောင် ပြန်ပြီးတောင်းပန်ခဲ့သည့်အတွက် ပိုးရုံလဲ ခွင့်လွှတ်ပေးခဲ့ပြီး သူမတို့နှစ်ယောက်ကြားမှ ကိစ္စကလဲ ဖြေရှင်းလို့ ပြီးသွားခဲ့သည်။

သူမရဲ့ နားချမှုကြောင့် ယောနိုင်ငံလဲ NK ဥက္ကဌကို သူတို့ရဲ့ ကိုရီးယား-မြန်မာ ရင်းနှီးမြှုပ်နှံမှု Project ထဲမှာ နဂိုမူလ ပါမြဲအတိုင်း ပါ၀င်စေဖို့ ခွင့်ပြုပေးခဲ့သည်။

အဲ့ဒီနောက်မှာတော့ ယောနိုင်ငံက သူတို့ အလုပ်ကိစ္စအကြောင်းကို နည်းနည်းပါးပါး ခဏတာဆွေးနွေးကာ စကား၀ိုင်းကို အဆုံးသတ်စေခဲ့သည်။

ထို့နောက် သူမတို့သားအမိအားခေါ်ကာ
သူစီစဥ်ခိုင်းထားသည့်ကားနဲ့ပဲ သူမတို့တည်းသည့်ဟိုတယ်နဲ့ အနီးဆုံးဖြစ်သည့် Hamdeok (ဟမ်းဒေါ့ခ်) ကမ်းခြေသို့ ခေါ်သွားခဲ့၏။

ကမ်းခြေသို့ ရောက်ရောက်ချင်းမှာပဲ ကြည်လင်ပြာလဲ့နေသည့် ပင်လယ်ကြီးက သူမတို့အား ဆီးကြိုနေခဲ့သည်။

ပင်လယ်ဆီမှ လာသည့် လတ်ဆတ်သော လေနုအေးလေးကို ပိုးရုံ လက်ကလေးဆန့်တန်းကာ တစ်၀ကြီး ရှူသွင်းပစ်လိုက်မိသည်။

နှလုံးသားထဲသို့ သဘာ၀ရဲ့ အငွေ့အသက်တွေ အလုံးအရင်းနဲ့ ၀င်ရောက်လာသည့် ခံစားချက်က ကောင်းလိုက်တာဟု တစ်ဆက်ထဲမှာ ပိုးရုံတွေးမိသွားရ၏။

ကြည်ပြာနေသည့် ပင်လယ်ကြီးဆီမှ ထွက်ပေါ်လာသော လှိုင်းပုတ်သံတို့ကပင် သူမနားထဲမှာ နား၀င်ပီယံ ဖြစ်လွန်းသည်ဟု ပိုးရုံထင်မိသည်။

လှမ်းမြင်နေရသည့် စိမ်းမို့မို့ တောင်တန်းကြီးတွေကိုလဲ ပိုးရုံ သဘောကျ၏။

တောင်တန်းကြီးတွေ ၀န်းရံထားသော ပင်လယ်ပြင်မှာ အဖြူရောင်သဲသောင်ပြင်ကြီး တည်ရှိနေခြင်းက အလိုက်ဖက်ဆုံး သဘာ၀ရဲ့ ပန်းချီကားတစ်ချပ်အလားပင်။

ပင်လယ်ရေနဲ့ ထိတွေ့ဖို့ကို ပိုးရုံဘယ်လိုမှ မစောင့်ဆိုင်းနိုင်တော့ကြောင့် ကမ်းစပ်ဆီသို့ တစ်ခါထဲ ဆင်းသွားခဲ့မိသည်။

❤️ Love & Fortune ❤️Where stories live. Discover now