❤️ အပိုင်း 63 ❤️

7.6K 324 12
                                    

❤️ Love & Fortune ❤️

အပိုင်း 63

တီတီရုံရုံက အိမ်ရှေ့မှာ rose နဲ့ sweet တို့ ကစားနေကြတယ်ဆိုပြီးပြောလို့ ကြိုးကြိုးမှာ မာမီ နဲ့ ဒယ်ဒီတို့ကို ထားခဲ့ကာ အိမ်ရှေ့သို့ ပြေးလာခဲ့မိသည်။

ဒယ်ဒီရယ် မာမီရယ် ကိုကိုတို့ရယ်ကတော့ စကားပြောကာ ကျန်ရစ်ခဲ့ကြသည်။

မြက်ခင်းပြင်စိမ်းစိမ်းကြီးပေါ်မှာ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ဆော့နေကြတဲ့ rose နဲ့ sweet တို့ကို မြင်လျှင် ဖောင်းဖောင်းလေးဖြစ်နေသော ပါးစုံလေးတွေကို မို့တက်လာတဲ့အထိ ကြိုးကြိုး ပြုံးလိုက်မိကာ ထိုနေရာဆီသို့ ထပ်မံပြေးသွားလိုက်သည်။

ဒါပေမဲ့ ကြိုးကြိုး မထင်မှတ်ထားတဲ့အချိန်မှာပဲ ဘောလုံးလေးတစ်လုံးက ကြိုးကြိုးရဲ့ မျက်နှာတည့်တည့်ဆီသို့ ပျံ၀ဲလာလျှင် ကြိုးကြိုး နေရာမှာတင် မှင်သက်သွားရ၏။

ဘောလုံးလေးတော့ ကြိုးကြိုးမျက်နှာကို ထိပါပြီဆိုပြီး ကြောက်လန့်တကြားဖြင့် လက်သီးလေးနှစ်ဖက်တင်းတင်းဆုပ်ကာ
ကြိုးကြိုးမျက်လုံးလေးတွေကို မှိတ်ချလိုက်မိသည်။ အချိန်ခဏကြာတဲ့အထိ ဘောလုံးလေးက လာမထိသောအခါ မရဲတရဲဖြင့် ကြိုးကြိုး မျက်လုံးလေးဖွင့်ကြည့်
လိုက်မိသည်။

အူး၀ါး .... ချောရိုက်သာ .... Sweet တို့ ခြံထဲက မီးတိုင်ရှည်ကြီးရဲ့ အလင်းရောင် အောက်မှာရပ်နေပီး ကြိုးကြိုးကို ​ပြုံးကြည့်နေသဲ့ ကိုကိုကြီးက ချောရိုက်သာ.....

"အဆင်ပြေရဲ့လား ကလေး....."

အူး၀ါး .... အသံရေးကရဲ နားထောင်ရို့ ကောင်းရိုက်သာ ....

ကြိုးကြိုး ခေါင်းလေးကို ဆတ်ခနဲ ငြိမ့်ပြလိုက်မိသည်။

မာန် သူ့ကို ငေးမောပြီး မျက်လုံး၀ိုင်းလေးတွေဖြင့် ကြည့်နေသော ကလေးလေးကို ချိုသာစွာ ပြုံးပြမိသည်။

တော်သေးတာပေါ့ .... သူ အရောက်မြန်လို့ .... မဟုတ်ရင် ကလေးလေးမျက်နှာကို ဘောလုံးမှန်တော့မှာ ။

"ဘောလုံးကို ကိုကိုက ပုတ်ပေးလိုက်ပြီမို့ အခုဘာမှ မဖြစ်တော့ဘူးနော်.....ဟုတ်ပြီလား .... မကြောက်နဲ့တော့နော် ကလေးလေး ....."

❤️ Love & Fortune ❤️Where stories live. Discover now