❤️ အပိုင်း 75 ❤️

6.2K 304 11
                                    

❤️ Love & Fortune ❤️

အပိုင်း 75

အလုပ်ကိုစစရောက်လာထဲက ကွန်ပြူတာထဲ ခေါင်းနှစ်နေတဲ့ ဥက္ကဌကိုကြည့်ပြီး မိုးခဲ ထူးဆန်းနေရသည်။

ဘာတွေ အဲ့လောက်ထိ စူးစမ်းလေ့လာနေတာပါလိမ့် ။

လက်မှတ်ထိုးစရာရှိသည့် စာတမ်းတစ်ခုကို ကိုင်ပြီး မိုးခဲ ဥက္ကဌရှိရာဆီသို့ လျှောက်လာလိုက်၏။

"ဥက္ကဌ ကျွန်တော့်ကို ဒါလေး လက်မှတ်တစ်ချက်လောက်ထိုးပေးပါဦး ....."

"........"

"ဥက္ကဌ ...."

"....."

အနီးကပ်ကြီး နှစ်ခါပြန်ခေါ်နေတာတောင် မကြားနိုင်ဘဲ ကွန်ပြူတာ screen ကိုသာ စူးစိုက်ပြီး ကြည့်နေတဲ့ ဥက္ကဌကြောင့် မိုးခဲ စိတ်ညစ်သွားရသည်။

နေပါဦး ဘာတွေကို အဲ့လောက်ထိ စိတ်၀င်တစားဖတ်နေရတာပါလိမ့် ။

သူ့ဥက္ကဌက မဟုတ်ကဟုတ်ကတွေတော့
ရုံးခန်းထဲမှာ မဖတ်လောက်ဘူးလို့ ထင်တာပဲ ။

မိုးခဲ စပ်စုချင်စိတ်ဖြင့် အနီးကပ် ကွန်ပြူတာစခရင်ကို လှမ်း show လိုက်လျှင်
How to get forgiveness from my wife ဆိုသည့် စာတန်းကြောင့် စိတ်လေသွားရသည်။

ဟမ် .... မိန်းမဆီက ခွင့်လွှတ်မှုကိုရဖို့ အဲ့လိုမျိုး Google ခေါက်ရှာရတယ်ပေါ့။

"ဟေ့ကောင် မင်း ဘာလုပ်နေတာလဲ .... အသံမပေး ဘာမပေးနဲ့ လန့်လိုက်တာကွာ.... ဘာရပ်လုပ်နေတာလဲ "

"အသံမပေးဘူး ဟုတ်လား ဥက္ကဌ.... ကျွန်တော် ဒီအခန်းထဲမ၀င်ခင်ကလဲ သုံးကြိမ်တိတိ တံခါးခေါက်ခဲ့ပါတယ်... ဘာမှ မတုံ့ပြန်လာလို့ တံခါးကိုဖွင့်ပြီး၀င်လာတော့လဲ ကျွန်တော်၀င်လာပြီနော်ဆိုတဲ့ အကြောင်းကို သုံးခါတိတိပြောခဲ့ပါတယ်.... အဲ့တာလဲ ဥက္ကဌက ကွန်ပြူတာထဲပဲ ခေါင်းနှစ်နေပြီး ဘာမှပြန်မပြောခဲ့ပါဘူး .....

ဒီနားရောက်တော့လဲ ဥက္ကဌကို ဒီဟာလေးလက်မှတ်ထိုးပေးဖို့ နှစ်ကြိမ်တိတိ ပြောခဲ့ပါသေးတယ်.... ဒါပေမဲ့ ဥက္ကဌက ကျွန်တော့်ဆီကို အာရုံမရှိဘဲ How to get forgiveness from my wife နဲ့ပတ်သက်တဲ့ စာတွေကိုပဲ သည်းကြီးမည်းကြီး ဖတ်နေခဲ့တာပါ...."

❤️ Love & Fortune ❤️Where stories live. Discover now