❤️ အပိုင်း 30 ❤️

11.8K 435 5
                                    

❤️ Love & Fortune ❤️

အပိုင်း 30

"ဒါ သားဦးကိုယ်၀န်လားဟင် ညီမလေး..... "

လာတက်မယ့် သင်တန်းသားတွေလူစုံ
မရောက်သေးတာကြောင့် ပိုးရုံ ယောနိုင်ငံနဲ့အတူ အတန်းစဖို့ ထိုင်စောင့်နေတုန်းမှာပဲ ဘေးနားမှ စကားသံထွက်ပေါ်လာတာကြောင့် ကြည့်လိုက်မိတော့ သူမလို ကိုယ်၀န်ဆောင်အမျိုးသမီး တစ်ယောက်ဖြစ်နေ၏။

သူမထက် အသက်ကြီးပုံရသော ထိုအမျိုးသမီးက သူမအား အပြုံးလေးဖြင့် မိတ်ဖွဲ့လာတာကြောင့် ပိုးရုံပြန်ပြီး ထိုအစ်မကို ပြုံးပြလိုက်မိသည်။

"သားဦးကိုယ်၀န်မဟုတ်ပါဘူး အစ်မ....ဒုတိယမြောက်ကိုယ်၀န်ပါ..... "

"ဟုတ်လား ညီမလေးကြည့်ရတာ 30 တောင်ပြည့်ပုံမရသေးလို့ အစ်မက သားဦးထင်ပြီး မေးကြည့်လိုက်မိတာ.... "

"ဟုတ်ရပါတယ်အစ်မ.... ဒါနဲ့ အစ်မကရော သားဦးလေးလားဟင်...."

"ဟုတ်တယ် ညီမလေး.... အစ်မကတော့ သားဦး.... အစ်မရော အစ်မအမျိုးသားရောက အသက် 30 ကျော်မှ အိမ်ထောင်ပြုကြတာလေ.... အဲ့တာကြောင့် အခုမှ သားဦးကိုယ်၀န်လွယ်ရတာ.... ကလေးယူဖို့ကိုပဲ အစ်မတို့မှာ နှစ်နှစ်လောက်ကြိုးစားလိုက်ရတယ်....."

ထိုအစ်မက ရင်းရင်းနှီးနှီးပဲပြောဆိုတာကြောင့် ခဏလေးအတွင်းမှာပဲ ထိုအစ်မနဲ့ ပိုးရုံ အဖွဲ့ကျသွားရ၏။

ထိုအစ်မရဲ့ အမျိုးသားကတော့ စကားနည်းပုံရကာ ထိုအစ်မနဲ့ သူမတို့ပြောတာတွေကိုပဲ ပြုံးပြီး နားထောင်နေသည်။

အစ်မနာမည်က ပန်ပန်ဟုခေါ်ပြီး အစ်မအမျိုးသားရဲ့ နာမည်ကတော့ ကောင်းခန့်တဲ့လေ။

သူမဘေးမှာထိုင်နေသော ယောနိုင်ငံကတော့ ဒီနေ့ရဲ့ Schedules တွေ အကုန်ဖျက်ပြီးလာရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းမစခင်အချိန်အထိ ဖုန်းတစ်လုံးနဲ့သာ အလုပ်ရှုပ်နေလေသည်။

စကားသေချာပြောကြည့်တော့မှ ကိုကောင်းခန့် နဲ့ မပန်တို့ နှစ်ယောက်လုံးက သဘော​ကောင်းကြ၏။

နှစ်ယောက်လုံးက ငယ်ချစ်တွေဖြစ်ပြီး အိမ်ထောင်တစ်ခု ထူထောင်ဖို့ အဆင်ပြေပြီဆိုတော့မှ လက်ထပ်ခဲ့ကြတာမို့ လက်ထပ်တာနောက်ကျခဲ့ပြီး အခုလို ကလေးရတာလဲ နောက်ကျခဲ့သည်။

❤️ Love & Fortune ❤️Where stories live. Discover now