❤️ အပိုင်း 13 ❤️

12.9K 498 3
                                    

❤️ Love & Fortune ❤️

အပိုင်း - 13

ယော ရေချိုးပြီး ပြန်ထွက်လာတော့ အခန်းထဲမှာ သူမ မရှိတော့ပေ။

ခုဏက ခုတင်ပေါ်မှအထုပ်တွေအားလုံးလဲ အကုန်ရှင်းသွား၏။

ကြည့်ရတာ သားရဲ့ အခန်းဆီသွားပြီး ၀ယ်ထားတာတွေ သွားပေးပုံပင်။

ယော အေးစက်စက် မျက်နှာထားနဲ့ပဲ ရေပြောင်အောင်သုတ်ကာ အ၀တ်လဲစရာရှိတာ လဲ၀တ်ပြီး ခုတင်ပေါ်တက်ကာ iPad ဖြင့် ပြည်တွင်းက Stock market အခြေအနေတွေကို ကြည့်နေမိသည်။

***

ပိုးရုံမှာ သားအတွက် ၀ယ်လာခဲ့သည့် အထုပ်တွေကို တနင့်တပိုးကိုင်ကာ သားရဲ့ အခန်းရှေ့မှာရပ်ပြီး အခန်းတံခါးလေးကို အသာခေါက်လိုက်သည်။

"ဘယ်သူလဲ ....."

"သား မာမီပါ ....."

"ဪ... ဟုတ် လာပြီ မာမီ .... "

ပိုးရုံ အသံလှမ်းပြုလိုက်တာနဲ့ သားကချက်ချင်းဆိုသလို တံခါးလေးကို လာဖွင့်ပေးသည်။

တံခါးရှေ့မှာ အထုပ်တွေ အများကြီးနဲ့ ရပ်နေတဲ့ သူမကိုမြင်ပြီး သားက အံ့သြသွားပုံပင်။

"မာမီ .... အထုပ်တွေအများကြီးနဲ့ ...."

"ဟုတ်တယ်သားရဲ့ .....ဒီနေ့ မာမီ shopping ထွက်ရင်းနဲ့ သားအတွက် လိုအပ်တာလေးတွေပါ တစ်ခါထဲ ၀ယ်လာတာ.... မာမီတို့ရဲ့ ဂျယ်ဂျူ ခရီးအတွက်လေ..... "

ပိုးရုံ ပြောပြောဆိုဆိုဖြင့် သားရဲ့အခန်းလေးထဲ၀င်လာကာ အထုပ်တွေ အားလုံးကို သား ခုတင်ပေါ်မှာတင်လိုက်ပြီး သူမ၀ယ်လာခဲ့တာတွေ တစ်ခုချင်းစီကို သားအား ထုတ်ပြမိသည်။

"သား ဒီမှာကြည့်ပါဦး .... ဒါ သားအတွက်ဂျင်းဘောင်းဘီလေး..... ဒီဂျင်းက USA made လေ .... ဒါလေးဆို သားလေဆိပ်ဆင်းမယ့်နေ့ကျရင် ၀တ်သွားလို့ အဆင်ပြေမယ်ထင်တယ်....

ဒီအထုပ်လေးထဲက သား အ၀တ်များတဲ့ polo shirt လေးတွေလေ
အနီရယ် ၊ မိုးပြာရယ် ၊ မီးခိုးလေးရယ်
မာမီ ၃ထည်တောင် ၀ယ်လာတာ သားရဲ့ .... ဒါက သားအတွက် ဖိနပ်လေး ..... သားရဲ့  ခြေထောက် size အတိုင်း ၀ယ်ခဲ့တာဆိုပေမယ့် တော်လား မတော်လားဆိုတာ တစ်ခါထဲ စီးကြည့်လိုက်ပါလားဟင် သား ....."

❤️ Love & Fortune ❤️Where stories live. Discover now