❤️ အပိုင်း 59 ❤️

7.4K 352 13
                                    

❤️ Love & Fortune ❤️

အပိုင်း 59

"အားလုံးကို မိတ်ဆက်ပေးရဦးမယ်.... ဒါ တီချယ်တို့ အတန်းကိုပြောင်းလာမယ့်
ကျောင်းသားသစ် ရာဇမာန်ပဲ .... မာန်လေးက အရင်က တီချယ်တို့ကျောင်းမှာပဲ တက်ခဲ့တာ..... လွန်ခဲ့တဲ့ ၃နှစ်ကမှ ပြင်သစ်ကို ပြောင်းသွားခဲ့တာ..... အခု ပြင်သစ်ကနေ ပြန်ရောက်လာပြီဆိုတော့ တီချယ်တို့ကျောင်းမှာပဲ ပြန်တက်မှာ.....

ဒီအခန်းထဲမှာ မာန်လေးကို သိတဲ့သူလဲရှိတယ် မသိတဲ့သူလဲရှိတယ် ..... သိတဲ့သူတွေကလဲ အရင်လို သူငယ်ချင်းကို နွေးနွေးထွေးထွေး ပြန်ကြိုဆိုပြီး မသိတဲ့သူတွေကလဲ သူငယ်ချင်းအသစ်ကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံပေးရမယ်နော်...."

"ဟုတ်ကဲ့ တီချယ်! "

ဟုတ်ကဲ့ တီချယ်လို့ ပြောကြတဲ့အထဲတွင် ဇတို့ အခန်းထဲရှိ မိန်းကလေးတွေအသံက အကျယ်ဆုံးဖြစ်နေသည်။

မာန် ပြန်လာတာကို သည်းသည်းလှုပ် ၀မ်းသာနေကြသည့်အထဲတွင် ချစ်ခြင်းများပါနေသလားလို့ ဇ ခေါင်းငဲ့ကြည့်လိုက်လျှင် ချစ်ခြင်းက စာအုပ်ကို ငုံ့ဖတ်နေတာကြောင့် ဇ ကျိတ်ပြုံးလိုက်မိသည်။

ဒီ စာဂျပိုးမလေးကတော့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် စာပဲလုပ်နေတော့တာပင် ။

ဇ က ချစ်ခြင်းကို ကြည့်နေသလိုမျိုး ခြိမ်းလဲ လီလီ့ကို ခိုးကြည့်လိုက်မိသည်။

လီလီကတော့ ပုံတစ်ပုံကို အာရုံစိုက်ပြီး ဆွဲနေဟန်ဖြင့် မာန်ရဲ့ ရောက်ရှိခြင်းကို စိတ်မ၀င်စားအားပေ။

"မိန်းကလေးတွေ သည်းသည်းလှုပ်မယ်ဆိုလဲ သည်းသည်းလှုပ်ချင်စရာပဲကွ.... ငါတို့ကောင်ကိုလဲ ကြည့်ဦး ဟိုမှာနေတာ ကြာတော့ အသားတွေကို ဖွေးစွတ်နေတာပဲ..... ဒီကောင် အရပ်လဲတော်တော်ရှည်လာတယ်နော် ခြိမ်း....."

"အင်း..... ဟိုမှာကောင်မလေးတောင် ရနေပြီလား မသိဘူး....."

"ဟာ မင်းကလဲ ဟိုမှာကောင်မလေး ရပြီဆိုရင် ဒီကောင် ဒီကိုဘယ်ပြန်လာမှာလဲ....ဟိုမှာ မရခဲ့လို့ ဒီမှာလာရှာတာနေမှာပေါ့ ....."

❤️ Love & Fortune ❤️Where stories live. Discover now