❤️ အပိုင်း 67 ❤️

6.7K 312 12
                                    

❤️ Love & Fortune ❤️

အပိုင်း 67

သူမ တင်လိုက်တဲ့ Video လေးရဲ့ အောက်မှာ ထောင်နဲ့ချီပြီး ရှိနေတဲ့ comments တွေကို ကြည့်ပြီး ပိုးရုံ အံ့သြတကြီးဖြစ်နေရသည်။

Likes & Shares တွေကလဲ အများကြီးပင်။

ကလေးတွေရဲ့ video လေးတွေကိုဆို ပိုးရုံ သူမရဲ့ facebook မှာ အမြဲတမ်းတင်နေကျပါပဲ .... ဒီ video လေးတစ်ခုမှ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိပေါက်သွားတာပါလိမ့် ။

သူမ account မှာလဲ followers တွေက ၀ုန်းခနဲဆိုပြီး တက်လာကာ ကျန်တဲ့ video လေးတွေနဲ့ ပုံလေးတွေမှာပါ likes နဲ့ reacts လေးတွေက ထိုးတက်လာသည်။

💌 အမလေး သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ .... ဟုတ်ပ အဲ့မာမီက လူဆိုးပဲ
... ကလေးက မုန့်လေး ၃ခုလောက်စားချင်တာကို ပိုက်ဆံအရွက်လေးတွေ ဆယ်ခုလောက်တော့ ဒယ်ဒီကို ပြန်ပေးလိုက်သင့်တာပေါ့.... ဒယ်ဒီပေးတဲ့ ပိုက်ဆံတွေကျအကုန်ယူထားတယ်....ဟုတ်တယ်မာမီ လူဆိုး 🤣❤️

💌 သမီးလေးကချစ်ဖို့ကောင်းလိုက်တာ...အဖေဖြစ်သူကလဲ သမီးလေးကို တော်တော်ချစ်တာပဲ .... ကံကောင်းလိုက်တာ ကလေးရေ ❤️

💌 တကယ်ကြည်နူးစရာကောင်းတဲ့ မိသားစုလေး .... ဖေဖေနဲ့မေမေကချောတော့ သားသားနဲ့ မီးမီးလေးကလဲ တကယ်ချစ်စရာလေးတွေ .... မီးမီးလေးက ကြိုးကြိုးလို့ ကိုယ့်ဘာသာပြောတာလေးက တကယ်ချစ်စရာလေး.....

💌 ကလေးလေးကို အခုအရွယ်ထဲက ပိုက်ဆံတန်ဖိုးသိအောင် ပြောပြပေးတဲ့ မေမေရေ တော်လိုက်တာ .... သမီးလေးက တကယ်အဖေချစ်လေးနော်.... သူ့အဖေကိုတော့ လုံး၀ပန်းကန်မဆေးခိုင်းဘူး ..... ချစ်စရာကောင်းလိုက်တဲ့ မိသားစုလေး ❤️

💌 အမလေး ဟုတ်တာပေါ့ .... အိမ်မှာသုံးတဲ့ ပိုက်ဆံတွေက မာမီ့ဆီက ရတာပေါ့ 🤣🤣 ကြိုးကြိုးလေးပြောတာ အမှန်ဆုံးပဲ 🤣🤣❤️❤️

💌 သူ့ကိုယ်သူ ကြိုးကြိုးလေး .... ကြိုးကြိုးလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ သမီးလေးရေ .... မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းလေးနဲ့ ပြည့်၀သူလေး ❤️

💌 ဒီ video လေးကြည့်ပြီးတာနဲ့ မီးမီးလေးကို ချစ်သွားပြီး မီးမီးလေးမာမီရဲ့ wall လေးထဲ၀င်ကြည့်လိုက်တာ တကယ်ကို ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို မြင်လိုက်ရတာပါပဲ.... ကလေးဒယ်ဒီနဲ့ မာမီတို့ကလဲ ချောလိုက်ကြတာနော် .... ကလေးရဲ့ ကိုကိုကလဲ အဖေတူသားလေးနော်.... ကလေးလေးကတော့ အမေတူသမီးလေး .... အရမ်းချစ်ဖို့ကောင်းတာပဲ ❤️

❤️ Love & Fortune ❤️Where stories live. Discover now