❤️ အပိုင်း 66 ❤️

6.9K 377 64
                                    

❤️ Love & Fortune ❤️

အပိုင်း 66

"ခု ကြိုးကြိုးတို့က ကိုကို့ရဲ့ ကျောင်းကိုသွားမှာရား ဒယ်ဒီ ....."

"ဟုတ်တာပေါ့ သမီးရဲ့ ...  အခုဒယ်ဒီရယ် မာမီရယ် ကြိုးကြိုးရယ်က ကိုကိုတို့ရဲ့ ကျောင်းကို သွားမှာ.... ကြိုးကြိုးက ကိုကိုတို့ရောင်းတဲ့ ထမင်းကြော်လေးကို စားမှာလား....."

ကားနောက်ခန်းရဲ့ baby seat လေးမှာထိုင်ရင်း ခေါင်းလေးစောင်းငဲ့ကာ
သိချင်တာလေးတွေမေးနေသော သမီးလေးကို ယော နောက်ကြည့်မှန်ထဲကနေ လှမ်းကြည့်လိုက်သည်။

ညလေးကတော့ သူတို့သားအဖကို စိတ်မ၀င်စားအားဘဲ ကားပေါ်ရောက်မှ အသည်းအသန် အလှပြင်နေသည်။

မုန့်ရောင်းပွဲတော် စမည့်အချိန်က စောတော့ ညလေးမှာ မနက်အစောကြီးထပြီး သားကို ပြင်ဆင်ပေးရကာ သားလေးကျောင်းသွားပြန်တော့လဲ အိပ်ပုတ်သမီးကို ပြင်ဆင်ပေးနေရတာနဲ့ ကားပေါ်ရောက်မှ အလှပြင်ရရှာသည်။

သနားဖို့ကောင်းလိုက်တဲ့ သူ့မိန်းမလေး။

"စားမှာဒယ်ဒီ.... ကြိုးကြိုးက သုံးခုစားမှာ.... သုံးခု ...."

"ကြိုးကြိုး သုံးခုစားမယ်ဆိုရင်တောင်
မာမီက တစ်ခုစာပဲ ပိုက်ဆံရှင်းပေးနိုင်မှာနော်..... ကျန်တဲ့နှစ်ခုစာကို ကြိုးကြိုးဘာသာ ရှင်းပေးရမှာ....."

"ရသားပဲ .... ကိုကိုနဲ့သူသူဖြစ်အောင်ရို့ ဒယ်ဒီရုပ်ပေးထားသဲ့ နက်ပြာရောင်ကတ်ရေး ကြိုးကြိုးမှာရှိသားပဲ .... အဲ့သာရေးနဲ့ရှင်းမှာပေါ့ ..... "

"ဟင်.... ကိုကိုတို့ကျောင်းက ကတ်နဲ့ရှင်းလို့မရဘူးတဲ့ ..... ငွေသားနဲ့ပဲရှင်းရမှာတဲ့.... ကြိုးကြိုးမှာ ငွေသားမှမရှိတာ.... ဘယ်လိုလုပ်မလဲ .... "

"ငွေသားဆိုသာ ပိုက်ဆံကိုပြောသာရား မာမီ ...."

"ဟုတ်တာပေါ့ ... ပိုက်ဆံအရွက်လေးတွေလေ.... အဲ့အရွက်လေးတွေ ကြိုးကြိုးမှာရှိလို့လား..... "

"အဲ့အရွက်လေးတွေက ဒယ်ဒီမှာရော ရှိရားဟင် ...."

"ဒယ်ဒီမှာလဲ မရှိဘူး သမီးရဲ့ .... ဒယ်ဒီလက်ထဲမှာလဲ သမီးလို ကတ်လေးပဲရှိတာ....."

❤️ Love & Fortune ❤️Where stories live. Discover now