❤️ အပိုင်း 3 ❤️

13.7K 494 5
                                    

❤️ Love & Fortune ❤️

အပိုင်း 3

ယွန်းမှီနဲ့ နေ့လယ်စာအတူစားပြီးတဲ့နောက် သူမရဲ့ studio ဆီသို့ ပိုးရုံခဏ၀င်ဖြစ်ခဲ့သည်။

Studio ရောက်တာနဲ့ ကလေးတွေကို မှာစရာရှိတာလေးတွေ မှာပြီး သူမရုံးခန်းထဲ၀င်ကာ လုပ်ဖို့ ကျန်နေသေးတဲ့ အလုပ်လေးတွေကို လက်စသတ်လိုက်၏။

ဟိုနေ့က သူမတောင်းဆိုခဲ့တဲ့ Exhibition Hall အတွက် ယောနိုင်ငံက အဆင်ပြေတဲ့နေရာတစ်ချို့ကို သူမဆီ Mail ပြန်ပို့လာတာကြောင့် ပိုးရုံ mail ထဲ ၀င်ပြီး စစ်ကြည့်မိသည်။

ယောနိုင်ငံပို့လိုက်တဲ့ Exhibition Halls တွေအားလုံးက သူတို့ Y Corporation နဲ့ ဆက်စပ်နေတဲ့ တကယ့်ကို ဒိတ်ဒိတ်ကြဲ ခန်းမကျယ်ကြီးတွေဖြစ်သည်။

သူမတို့လို artist တွေအနေနဲ့ ဒီလို
ခန်းမမျိုးတွေငှားပြီး ပန်းချီပြပွဲလုပ်ဖို့ဆိုတာ နောက်ကနေရေကိုပုံးလိုက်လောင်းနိုင်ရုံသာမက ရေတွင်းပါကြိုတူးထားမှ တော်ကာကျမည်။

" နင့်အဖြစ်က မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ ဆိုတဲ့အတိုင်း ဖြစ်နေပြီ .... နင့်အနားမှာ တ၀ဲလည်လည်ရှိနေတဲ့ အချစ်ကို မြင်အောင်ကြည့်စမ်းပါ ပိုးရုံရယ်..... ပြီးမှ လွတ်တဲ့ငါးကြီး ကြီးနေလို့မရဘူး.... နင်မိထားတဲ့ ငါးကြီးက ရွှေအချိန် ပိဿာ100 မက တန်ဖိုးရှိတဲ့ ငါးနော် "

ခုဏက နေ့လယ်စာစားရင်း ယွန်းမှီပြောတာတွေကို ပြန်ပြီးကြားယောင်လာတော့ ပိုးရုံချက်ချင်းပဲ ခေါင်းကိုခါထုတ်လိုက်မိသည်။

ဒါပေမဲ့လဲ အမှန်တိုင်း၀န်ခံရရင်တော့ ယောနိုင်ငံက ယွန်းမှီပြောသလို ရွှေအချိန်ပိဿာ 100 မက တန်ဖိုးရှိတဲ့ ငါးကြီးလိုမျိုး မက်လောက်စရာ ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံတဲ့သူဆိုတာ သူမ လက်ခံပါသည်။

အခုခန်းမကိစ္စတွေက သာဓကပင်။

ဒီကြားထဲမှာ အခုတစ်ခေါက်ပြပွဲလုပ်မယ့် ခန်းမအတွက် သူမကိုယ်တိုင် အပင်ပန်းခံပြီးစုံစမ်းခဲ့တုန်းကဆို ဘာတစ်ခုမှ စိတ်တိုင်းမကျခဲ့လို့ လူမောစိတ်မော ဖြစ်ခဲ့ရတာပဲ အဖတ်တင်သည်။

❤️ Love & Fortune ❤️Where stories live. Discover now