❤️ အပိုင်း 82 ❤️

5.8K 286 5
                                    

❤️ Love & Fortune ❤️

အပိုင်း 82

ညလေးရဲ့ ချစ်ခြင်းမေတ္တာတွေအပြည့်ပါတဲ့ အပြုအစုလေးတွေကြောင့်ရယ်၊ ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း အချိန်ပေးပြီး လေ့ကျင့်ခန်းတွေ ပုံမှန်ပြန်လုပ်ခဲ့တာရယ်ကြောင့် သူ့ရဲ့ ကျောရိုးအခြေအနေဟာ တဖြည်းဖြည်းနဲ့ နဂိုအတိုင်းပြန်ဖြစ်လာခဲ့သည်။

အခုဆို လေ့ကျင့်ခန်းတွေ ဆက်လုပ်နေရသေးတယ်ဆိုပေမယ့် ကုမ္ပဏီကိုပြန်သွားနိုင်ပြီး အလုပ်တွေလဲ ပြန်လုပ်နေနိုင်ပြီဖြစ်၏။

အရမ်းကြီး အပင်ပန်းခံလို့တော့ မရသေးပေ။

"ဥက္ကဌ အလုပ်မဆင်းသေးဘူးလား...."

မိုးခဲကအခန်းတံခါးကို ခေါက်ပြီးတာနဲ့ အထဲ၀င်လာပြီး သူ့ကို အလုပ်မဆင်းသေးဘူးလားဟု မေးလာလျှင် ယော အကြံပြုချက်တွေတင်ပြထားတဲ့ file တွဲကို ဖတ်နေရာကနေ တစ်ချက်မော့ကြည့်လိုက်မိသည်။

"အွန်း .... ငါဒီအကြံပြုချက်လေးတွေ ဖတ်ပြီးမှ အလုပ်ဆင်းမို့ မိုးခဲ .... မင်း ဘာတင်ပြစရာရှိလို့လဲ .... "

"ကျွန်တော်ကဘာမှတင်ပြစရာတော့ မရှိပါဘူး..... အကြံပြုချက်တွေက ဒီလောက်များတာကို ဥက္ကဌ ထိုင်ဖတ်နေရင် မိုးချုပ်သွားမှာပေါ့..... ကျွန်တော်ပဲ သေချာဖတ်ပြီး ဥက္ကဌကို selection ရွေးပြီးပြန်တင်ပြပေးပါ့မယ်....

ဥက္ကဌကတော့ ဒီနေ့အတွက် ဒီလောက်နဲ့ပဲ အနားယူလိုက်ပါတော့ .... တော်ကြာ နေပြန်ကောင်းတာ မကြာသေးတဲ့ သူ့ယောကျာ်းကို ကုမ္ပဏီမှာ အကြာကြီးနေခိုင်းရမလားဆိုပြီး ဥက္ကဌကတော်က ကျွန်တော့်ကို ဆူနေမှဖြင့် ..."

"မသိတဲ့သူဆိုရင်တော့ ဪ ဒီအတွင်းရေးမှူးလေးက သူ့ဥက္ကဌကို တော်တော်ဂရုစိုက်ရှာတာပဲလို့ ထင်နေတော့မှာပဲ မိုးခဲရာ ..... မင်းအခုတလော ငါ့စကားထက် ညလေးရဲ့ စကားကို ပိုပြီး အလေးထားနေသလိုပဲနော်.....နောက်ကွယ်က အကြောင်းအရင်းကို ငါသိနေတယ်နော် မိုးခဲ..... "

ညလေးရဲ့ studio မှာလုပ်နေသည့် ခိုင်ခိုင်ဆိုတဲ့ ကောင်မလေးကို ဒီကောင်သဘောကျနေတယ်ဆိုတာ သိထား၍ ယော တမင်ပြောလိုက်ခြင်းဖြစ်သည်။

❤️ Love & Fortune ❤️Where stories live. Discover now