❤️ အပိုင်း 77 ❤️

6.1K 320 11
                                    

❤️ Love & Fortune ❤️

အပိုင်း 77

မကြာခင်မှာပဲ ပြင်သစ်နိုင်ငံရဲ့ CDG ( Charles De Gaulle ) လေဆိပ်ဆီသို့ ဆင်းသက်တော့မည်ဆိုတာကိုသိလျှင် သမီးက အရမ်းကို စိတ်လှုပ်ရှားနေဟန်ဖြင့် ခြေထောက်တိုတိုလေးတွေကို လှုပ်ရမ်းကာ လေယာဥ်ရဲ့ ပြတင်းပေါက်မှန်မှာ မျက်နှာလေးကပ်ပြီးကြည့်နေသည်။

ပြင်သစ်ကိုတစ်ခါမှ မရောက်ဖူး၍ အရမ်းတွေ စိတ်လှုပ်ရှားနေသော သမီးလေးကိုကြည့်ပြီး ပိုးရုံ ပြုံးလိုက်မိသည်။

ယောက သူမတို့မိသားစုအား First Class ကနေ ခေါ်သွား၍ လေယာဥ်စီးရတာ သက်သောင့်သက်သာရှိတယ်ဆိုပေမယ့် အချိန်တွေအကြာကြီးစီးလာရတာကြောင့် ပိုးရုံကတော့ အနည်းငယ်နွမ်းနယ်နေပြီဖြစ်၏။

သမီးကတော့ energy အပြည့်ပင်။

"ဒယ်ဒီ.... ဒယ်ဒီ ကြိုးကြိုးတို့ ပြင်သစ်ကိုရောက်ရင် Eiffel Tower ကြီးဆီ အရင်သွားမယ်နော်....."

"ဒယ်ဒီတို့ တည်းရမယ့်အိမ်ကြီးဆီကို အရင်သွားပြီး အနားယူကြမယ်လေ သမီးရဲ့ .... လေယာဥ်အကြာကြီးစီးလာရတာကိုကြိုးကြိုးလေးက မပင်ပန်းဘူးလား.... "

"ဟွန့်အွန်း .... ကြိုးကြိုးက ပင်ပန်းပါ၀ူး ဒယ်ဒီရဲ့ .... ကြိုးကြိုးက အကြာကြီးအိပ်ထားရို့ အားသွေအပြည့်ပဲ ..... "

သမီးက မပင်ပန်းပေမယ့် သမီးဘေးနားမှာရှိတဲ့ညလေးနဲ့ သူ့ဘေးမှာရှိနေတဲ့ သားကတော့ ခရီးပန်းနေဟန်ဖြင့် မျက်နှာလေးတွေနွမ်းနေကြသည်။

ကြည့်ရတာ သူတို့သားအဖပဲ တက်ကြွနေကြသည့်ပုံပင်။

လေယာဥ်စိုက်ပြီးလျှင် သူတို့ မိသားစု လေယာဥ်ပေါ်မှဆင်းကာ လေဆိပ်ထဲရောက်လာတော့ M Group ရဲ့ ဥက္ကဌကိုယ်တိုင် လာကြိုတာကို မြင်လိုက်ရသည်။

ဘေးမှာ သားရဲ့ သူငယ်ချင်းနဲ့ M Group ရဲ့ ဥက္ကဌကတော်လဲ ရှိနေတာကြောင့် ကြည့်ရတာ မိသားစုလိုက် သူတို့အား လာကြိုကြပုံပင်။

"ကြိုဆိုပါတယ် ဥက္ကဌယော .... လေယာဥ်စိုက်ပြီဆိုထဲက ကျွန်တော်က မျှော်နေတာ.... လေယာဥ်အကြာကြီးစီးလာရတော့ ခရီးပန်းလာကြမှာပေါ့ ....အနားယူဖို့အတွက် ကျွန်တော် အိမ်မှာအားလုံးစီစဥ်ထားပါတယ်.... အိမ်မှာခဏတစ်ဖြုတ်နားပြီးရင် ကျွန်တော်တို့မိသားစုနှစ်စု နေ့လယ်စာအတူတူစားကြတာပေါ့ ....."

❤️ Love & Fortune ❤️Where stories live. Discover now