❤️ အပိုင်း 64 ❤️

7K 340 16
                                    

❤️ Love & Fortune ❤️

အပိုင်း 64

မနေ့ညက ကိုခေါင်ဧကတို့ရဲ့ anniversary dinner လေးမှာ သူငယ်ချင်းအသစ်လေးတွေအများကြီးရခဲ့ပြီး အသားကုန်ဆော့ခဲ့သည့် သမီးကို ပင်ပန်းပြီးဖျားမှာဆိုး၍ ညအိပ်ခါနီးတော့ ညလေးက ဆေးလေးကြိုတိုက်ပြီး သိပ်ခဲ့သည်။

ထို့ကြောင့် ယော မနက်နိုးလာတော့ သူနဲ့ညလေးရဲ့ အခန်းထဲမှထွက်ကာ သမီးရဲ့အခန်းလေးထဲကို အရင်ဆုံး၀င်ကြည့်မိသည်။

ညလေးနဲ့ သားကတော့ အခုချိန်ထိ အိပ်ရာမှ မထကြသေးပေ။

သမီးအခန်းလေးထဲရောက်တော့ အဖြူရောင် ခုတင်သေးသေးလေးမှာ အရုပ်တွေအများကြီး ၀န်းရံပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သမီးလေးကို ယော ပြုံးကြည့်ပြီး နဖူးလေးကို စမ်းကြည့်လိုက်သည်။

ကိုယ်မပူလို့ တော်သေးတာပေါ့ ။

ယော သမီးရဲ့ ခုတင်စောင်းလေးမှာ တင်ပါးလွှဲ၀င်ထိုင်ပြီး သမီးရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်လျှင် ဖြတ်ခနဲဆိုသလို သမီးက မျက်လုံးလေးတွေ ပွင့်လာသည်။ ထို့နောက် အသံသေးသေးလေးဖြင့် သူ့ကို ဒယ်ဒီဟု ခေါ်လာသည်။

"နိုးပြီလား သမီးလေး...."

"ဟင့်အွန်း...."

"ဟင် မနိုးသေးဘူးလား...."

"အွန့် "

မျက်လုံးလေးဖွင့်ပြီး မနိုးသေးဘူးလုပ်နေသည့် သမီးကြောင့် ယော သဘောကျစွာရယ်လိုက်မိသည်။

"ဒယ်ဒီက ဒီနေ့ ကြိုးကြိုးကြိုက်တဲ့ ပန်ကိတ်လေး လုပ်ပေးမယ်လေ.... စတော်ဘယ်ရီလေးနဲ့ ပျားရည်လေးလဲပါတယ်လေ ..."

"နို့ရေးရော..."

"အွန်း ဟုတ်တယ် ... ကြိုးကြိုးသောက်နေကျ နို့လေးလဲ ပါတာပေါ့ .... "

"ကြိုးကြိုး ဗိုက်ဆာသယ် ဒယ်ဒီ...."

"ဗိုက်ဆာရင် ထလေ သမီးရဲ့ ... ဒယ်ဒီနဲ့ အတူတူ မျက်နှာသစ်ပြီး မနက်စာစားကြမယ်လေ...."

"ထချင်သေး၀ူး ဒယ်ဒီ ...."

"အဟွန်း ... ဗိုက်ဆာနေပြီကို ဘယ်သူနဲ့ တူလို့ အပျင်းအိုးလေးလုပ်ပြီး အိပ်ရာကမထချင်သေးရတာလဲ.....ပြောပါဦး....."

❤️ Love & Fortune ❤️Where stories live. Discover now