🧡 Love For Eternity 🧡

9.4K 218 30
                                    

🧡 𝐋𝐨𝐯𝐞 𝐅𝐨𝐫 𝐄𝐭𝐞𝐫𝐧𝐢𝐭𝐲 🧡

[ Complete ]

ကလေးတွေရဲ့ ဇာတ်လမ်းလေးကို ဖတ်ချင်ကြတယ်ဆိုလို့ ကလေးတွေရဲ့ ဇာတ်လမ်းက အရင်ထဲက မိုမို ရေးထားပြီးသားပါ အချစ်ကလေးတို့ ~ Complete လဲ ဖြစ်ပြီးသားပါ ~🤍

ပြန်တင်ဖြစ်မလား၊ မဖြစ်မလားကတော့ မိုမိုလဲ မသေချာသေးပါဘူး ..... ပြန်တင်ဖြစ်ရင်တောင် နောက်နှစ် '5´ လပိုင်းလောက်မှ တင်ဖြစ်မယ် ထင်ပါတယ် အချစ်ကလေးတို့ ..... အခုလောလောဆယ်တော့ မတင်သေးပါဘူးရယ်.....

ဇာတ်လမ်းက -

▫️Character Story 6 ပိုင်း
▫️မူရင်း ဇာတ်လမ်း အပိုင်း 100 ကိုမှ အပိုင်းခွဲလေးတွေက 5 ပိုင်း ထပ်ရှိတာမို့ 105 ပိုင်း
▫️Extra 10 ပိုင်း

🔸စုစုပေါင်း အပိုင်း '121´ပိုင်း ရှိပြီး မမ Lay Nge ရဲ့ PDF File နဲ့ဆို စာမျက်နှာပေါင်း '5549´ pages ရှိပါတယ်။

ဒါပေမဲ့ ကိုယ့် Fic ကိုယ် honest review ပေးရရင်တော့ ဒီ Love For Eternity ဇာတ်လမ်းလေးက မိုမိုရေးခဲ့တဲ့ အချိန်ထဲက အခုချိန်အထိ ဖတ်ပြီး သဘောကျကြတဲ့ စာဖတ်သူတွေလဲ အများကြီးရှိသလို အားမလို၊အားမရဖြစ်ကြတဲ့ စာဖတ်သူလေးတွေလဲ အများကြီးရှိပါတယ်.....

ဘာလို့ အားမလို၊အားမရ ဖြစ်ကြတာလဲဆိုတော့ မိုမိုက ဒီ Fic ရေးတုန်းက အရမ်းလောဘကြီးခဲ့ပါတယ်.... ပုံမှန် Fic  တစ်ပုဒ်စာရေးလို့ရတဲ့ ဇာတ်လမ်းမျိုး 5 ခုကို ဒီ Love For Eternity တစ်ပုဒ်ထဲမှာ စုပေါင်းပြီး ဇာတ်အိမ်တည်ခဲ့လို့ပါ ~

Main Couples 3 တွဲနဲ့ Side Couples 2 တွဲတို့ရဲ့ မတူညီတဲ့ ဇာတ်လမ်း 5 ပုဒ်နဲ့ ဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်လမ်းက အရမ်းမြိုင်ပါတယ်.... ဒါပေမဲ့ အတွဲ အားလုံးရဲ့ ဇာတ်၀င်ခန်းကို မိုမိုက အညီအမျှပဲ ရေးထားခဲ့တော့ ကိုယ်ကြိုက်တဲ့ အတွဲလေးကို ပိုဖတ်ချင်တဲ့ စာဖတ်သူလေးတွေခမျာမှာ ဖတ်ရတာနည်းတယ်လို့ ခံစားရပါရော.... အဓိကအချက်ကတော့ အဲ့တာပါပဲ TT

ပြီးတော့ ကလေးတွေရဲ့ ဇာတ်လမ်းက အချိုတွေနဲ့ ပြည့်နေတဲ့ Love & Fortune ရဲ့ ဆန့်ကျင်ဘက်လို့ ပြောလို့ရပါတယ် ..... ဇာတ်လမ်းအချိုးအကွေ့၊ အတက်အကျနဲ့ Plot Twist တွေ အများကြီးရှိပါတယ်..... အထူးသဖြင့် အရွယ်ရောက်တဲ့ version ကို ရေးရတော့ Characters Development တွေ မိုမို အများကြီး လုပ်ထားတာပါ..... အဆုံးသတ်ကတော့ ရေးနေကျ မိုမို့ရဲ့ ပုံစံအတိုင်းပဲ ဇာတ်ကို သိမ်းထားတာပါ အချစ်ကလေးတို့ 🧡🧡

❤️ Love & Fortune ❤️Kde žijí příběhy. Začni objevovat