❤️ အပိုင်း 61 ❤️

7.3K 331 5
                                    

❤️ Love & Fortune ❤️

အပိုင်း 61

ယောခေါ်လာသည့် ပဲခူးမှ အပန်းဖြေအိမ်ဆီသို့ရောက်လျှင် ပိုးရုံ ပါးစပ်အဟောင်းသားလေးဖြင့် အံ့သြနေရသည်။

အစက အပန်းဖြေအိမ်ကို မြို့ထဲမှာလို့ ထင်ထားခဲ့ပေမယ့် အခုတော့ ပဲခူးထဲကို တော်တော်လေး၀င်လိုက်ရပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်၀န်းကျင်မှာ ရှိနေတာဖြစ်သည်။

ခြံ၀န်းအကျယ်ကြီးထဲမှာ အရိပ်ရသစ်ပင်အကြီးကြီးတွေရယ်၊ ပန်းပင်လေးတွေရယ်နဲ့ အုံ့ဆိုင်းနေပြီး သစ်သား ခြံစည်းရိုးအဖြူရောင်လေးကလဲ သူမတို့လက်ရှိနေနေသည့် အိမ်ရဲ့ မြင့်မားသည့် အုတ်တံတိုင်းကြီးနှင့် လားလားမှ မသက်ဆိုင်ပေ။

ခြံထဲမှာ စိမ်းစိုလန်းဆန်းနေသည့်မြက်ခင်းပြင်ကြီးကလဲ အစိမ်းရောင်ကတ္တီပါကော်ဇောတစ်ခု ဖြန့်ခင်းထားသလို အမြင်အေးစေပြီး အဖြူရောင် တစ်ထပ်အိမ်သေးသေးလေးကလဲ အရမ်းချစ်ဖို့ကောင်းသည်။

မွန်းကြပ်စရာကောင်းသည့် မြို့ပြကနေ တစ်ခဏတာ လွတ်မြောက်ခွင့်ရပြီး သဘာ၀တရားနဲ့ တိုက်ရိုက်ထိတွေ့လိုက်ရသလိုပင်။

အိမ်လေးကလဲ ဂျပန်စတိုင်တည်ဆောက်ထားတာဖြစ်ပြီး အဖြူရောင်နဲ့ သစ်သားအညိုရောင်တို့ကိုသာ အများဆုံးသုံးထားသည်။

"ဘယ်လိုလဲ ညလေး သ​ဘောကျနေပြီ မဟုတ်လား .... အိမ်ထဲကို ၀င်ကြည့်ရင် ပိုတောင် သဘောကျသွားဦးမယ် .... လာ ကိုယ်တို့ ၀င်ကြရအောင် ....."

ယောက သူမလက်ကိုဆွဲကာ ခေါ်သွားလျှင် ပိုးရုံ အိမ်ထဲသို့ပါသွားရသည်။

အိမ်ထဲ၀င်၀င်ချင်း မြင်လိုက်ရသည့် အိမ်အတွင်းပိုင်းဒီဇိုင်းလေးကြောင့်ပိုးရုံ မပြုံးမိဘဲ မနေနိုင်ဖြစ်သွားရ၏။

အိမ်အတွင်းပိုင်းကိုလဲ အဖြူရောင်လွင်လွင်လေးပဲ သုတ်ထားကာ ပြတင်းပေါက်ဘောင် နဲ့ တံခါးတွေကိုလဲ သစ်သားအညိုကိုပဲ သုံးထားတာကြောင့် သဘာ၀ဆန်လှသည်။ ထို့အပြင် ပြတင်းပေါက်တွေ အများကြီးရှိနေတာကြောင့် လေ၀င်လေထွက်ကောင်းပြီး သဘာ၀
အလင်းရောင်လဲ ကောင်းကောင်းရသည်။

❤️ Love & Fortune ❤️Where stories live. Discover now