❤️ အပိုင်း 52 ❤️

7.8K 377 18
                                    

❤️ Love & Fortune ❤️

အပိုင်း 52

ပိုးရုံ သမီးကို ယွန်းမှီဆီပေးလိုက်ပြီးတာနဲ့ ဆိုင်ထဲကို ဝေ့ကြည့်ကာ တန်ဖိုးအကြီးဆုံးဖြစ်လောက်မည့် ၀တ်စုံတစ်စုံကို အလျင်အမြန်ရှာဖွေလိုက်သည်။

ထိုအချိန်တွင် ငွေမှင်ရောင်တလက်လက်တောက်ပနေသည့် ပွဲတက်ဂါ၀န်ရှည်တစ်ထည်က သူမမျက်စိထဲ၀င်ရောက်လာလျှင် ပိုးရုံ ထိုဂါ၀န်ရှိရာဆီ တန်းတန်းမတ်မတ်လျှောက်သွားလိုက်၏။

ထို့နောက် သူမအိတ်ထဲ အမြဲဆောင်ထားနေကျဖြစ်သည့် သမီးရဲ့ ဆံပင်လေးတွေကို တိတိပေးနေကျ ကတ်ကြေးသေးသေးလေးကို ထုတ်ကာ ထို၀တ်စုံရဲ့ ရင်ညွန့်တည့်တည့်ကနေစပြီး ခါးလယ်လောက်ထိကို တစ်ခါထဲ ကတ်ကြေးလေးနဲ့ ညှပ်ချပစ်လိုက်သည်။

သူမရဲ့ လုပ်ရပ်ကြောင့် ယွန်းမှီနဲ့ ပြဿနာဖြစ်သည့် ဆိုင်၀န်ထမ်းအပြင် ဆိုင်မှာရှိနေကြသည့်သူတွေအကုန် ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်ကုန်ကြသည်။

"ရှင် .... ရှင် အခုဘာလုပ်လိုက်တာလဲ...."

သူမတို့နဲ့ အချေအတင်ဖြစ်ကြသည့် ၀န်ထမ်းမိန်းကလေးက သူမအနားသို့ အူယားဖားယားဖြင့် ပြေးလာပြီးမေးလျှင် ပိုးရုံ ထိုမိန်းကလေးအား ခပ်တည်တည်ပဲပြန်ကြည့်ပေးလိုက်သည်။

"ဖျက်ဆီးပစ်လိုက်တာလေ.... customer ကို အလေးထားရကောင်းမှန်းမသိတဲ့ မင်းတို့ဆိုင်ရဲ့ service ကို သဘောမကျလို့ အခုလိုလုပ်လိုက်တာ.... ဒီ၀တ်စုံဖိုးကိုတော့ ဒီကတ်ထဲကနေပဲ ဖြတ်လိုက်ပါ..."

"ရှင်ရူးသွားပြီလား..... ဒီ၀တ်စုံက ဘယ်လောက်တန်ဖိုးရှိလဲရှင်တို့သိလား.... သိန်း ၂၀၀ ကျော်တယ်ရှင့်.... သိန်း၂၀၀ ကျော်တယ်....ရှင့်ပုံစံနဲ့ ရှင့်ကတ်ထဲမှာ သိန်း၂၀၀ မပြောနဲ့ .... သိန်း၂၀တောင်ရှိပါ့မလား .... ရှင်.... ရှင့်ကိုရဲလက်အပ်ပစ်မယ်....ရှင်တို့တွေ ဒီဆိုင်ထဲကနေ ခြေတစ်လှမ်းမှ ရွှေ့ဖို့မစဥ်းစားနဲ့ ....  "

ထို၀န်ထမ်းမိန်းကလေး၏စကားကြောင့် ပိုးရုံမျက်မှောင်ကျုံ့သွားရသည်။

တဖြည်းဖြည်းနဲ့ သူမတို့ကိစ္စကို စိတ်၀င်စားလာကြသည့် လူအုပ်ကလဲ အပြင်ဘက်မှာ တဖြည်းဖြည်း စုအုံတိုးလာတာကို ပိုးရုံဆိုင်ထဲကနေ မြင်လိုက်ရသည်။

❤️ Love & Fortune ❤️Where stories live. Discover now