❤️ အပိုင်း 19 ❤️

13.6K 470 6
                                    

❤️ Love & Fortune ❤️

အပိုင်း 19

ယောမှာ ရုတ်တရက် ဆောင့်တွန်းခံလိုက်ရတာကြောင့် မထင်မှတ်ဘဲ ဘေးတစ်ဖက်သို့ ယိုင်လဲကျသွားရသည်။

ထို့နောက် သူမက သူ့ကို ကျောပေးကာ စောင်ကို ခေါင်းမြီးခြုံသွားလျှင် ယော တွေးလို့မမှီနိုင်အောင် ဖြစ်သွားရ၏။

"ပိုးရုံ ... "

"လာမခေါ်နဲ့ .... ရှင့်အသံကို မကြားချင်ဘူး....."

သူမရဲ့ စိတ်ဆိုးသွားတဲ့အသံကို နားထောင်ပြီး ယော ပြုံးမိသွားရသည်။

"အဟွန်း .... ဘာလို့လဲ ကိုယ့်ကို စိတ်ဆိုးသွားတာလား....."

"......"

"ဟုတ်လား .... ပြောပါဦး "

ယော သူမခြုံထားသည့် စောင်ကို ဆွဲခွာဖို့ပြင်လျှင် သူမက အခွာမခံဘဲ စောင်ကို တင်းနေအောင်ခြုံထားသည်။

ပိုးတုံးလုံးလေးလိုမျိုး စောင်ကို လုံးနေအောင် ခေါင်းမြီးခြုံထားသည့် သူမကို ကြည့်ပြီး အသံထွက်တဲ့အထိ ယော ရယ်မိသွားရသည်။

"ခုဏက မပြောဖြစ်လိုက်တဲ့စကားကို ကိုယ်က အခုပြန်ပြောမယ်ဆိုရင်ရော နားထောင်မှာလား....."

သူမရဲ့ နားအနားသို့ ယော ထိုသို့ ကပ်ပြီးပြောလိုက်တော့ ဂွမ်းစောင်အောက်မှာ တလှုပ်လှုပ်ဖြစ်နေသည့် ခန္ဓာကိုယ်လေးက ငြိမ်သက်သွားခဲ့သည်။

မကြာပါဘူး စောင်လေးကိုလှပ်ဟကာ ခေါင်းလေးကပြူထွက်လာလျှင် ယော အသည်းယားစွာဖြင့် ပြုံးလိုက်မိကာ သူမရဲ့ ပါးမို့မို့လေးကိုလဲ ရွှတ်ခနဲမြည်အောင် ငုံ့နမ်းလိုက်၏။

"ရှင် တကယ်ပြောပြမှာလား...."

"ဟင့်အင်း နောက်နေတာ...."

သူ့စကားကြောင့် စောင်ထုပ်လေးထဲမှ သူမက သူ့အား မျက်မှောင်ကျုံ့ပြီး ကြည့်လာလျှင် ခုဏက သူ အားရအောင်နမ်းရှိုက်ခဲ့သော နှုတ်ခမ်းလေးကိုပါ ယော ထပ်ပြီး နမ်းလိုက်မိသည်။

"ဘယ်လိုဖြစ်လို့ လူကို အတင်း လိုက်နမ်းနေရတာလဲ ယောနိုင်ငံ အစုတ်ပလုတ် အကျင့်ပုတ်ရဲ့ .... "

❤️ Love & Fortune ❤️Where stories live. Discover now