❤️ အပိုင်း 35 ❤️

12.1K 415 9
                                    

❤️ Love & Fortune ❤️

အပိုင်း 35

"ယော .... "

"အင်း...."

"အိပ်ရာက ထမသွားနဲ့ဦးနော်.....ညလေးဆက်အိပ်ချင်သေးလို့....."

သူ့ရင်ခွင်ထဲကို ယုန်ကလေးတစ်ကောင်လိုမျိုး ပွတ်သီးပွတ်သပ်နဲ့ တိုး၀င်လာသော သူမရဲ့ နဖူးလေးကို ယော ငုံ့နမ်းရင်း ပြုံးလိုက်မိသည်။

"အွန်း အိပ်လေ.... ကိုယ် ဒီလိုမျိုး ဖက်ထားပေးမယ်....."

"ယော ရင်ခွင်က အရမ်းနွေးတာပဲ...."

သူ့ရင်ဘတ်ကို မျက်နှာလေးနဲ့ ပွတ်တိုက်တိုးဝှေ့နေသော သူမလေးကိုကြည့်ပြီး ယော နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။

ချစ်​တယ်ဆိုတာကို ဖွင့်ဟ၀န်ခံပြီးထဲက သူမလေးက သူ့အပေါ်မှာ အခုလိုမျိုး ပိုပြီးချွဲ့နွဲ့တတ်လာသည်။

အခုလဲ အိပ်ရာထမယ့်အရေးကို မထသေးဘဲ သူ့ကို ဆွဲထားကာ ဆက်အိပ်နေလေ၏။

သူမအကြောင်းကိုသိနေလို့ မနေ့ထဲက ဒီမနက်လုပ်ရမည့် အစည်းအဝေးကို နေ့လယ်သို့ ရွှေ့ထားလိုက်တာ မှန်သွားသည်။

သူမ ဆံနွယ်နုနုလေးတွေကို ယော လက်နဲ့ အသာပွတ်ပေးနေတုန်းမှာပဲ သူမရဲ့ မျက်၀န်းလေးတွေက တစ်ဖန်ပြန်ပွင့်လာသည်။

"ယော...."

"ဟင်...."

"ဒီနေ့ရဲ့ မနက်စာကို ညလေးအတွက် ယောကိုယ်တိုင် လုပ်ကျွေးနော်...."

"ဘာလုပ်ကျွေးရမလဲပြောလေ..."

"အွန်း.... "

သူ့ကို မနက်စာ ဘာလုပ်ကျွေးခိုင်းရမလဲဆိုပြီး နှုတ်ခမ်းကို လက်ညှိုးလေးထောက်ကာ စဥ်းစားနေသည့် သူမကိုကြည့်ပြီး ယော ချစ်မ၀စွာဖြင့် သူမရဲ့ ချယ်ရီရောင်နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်မိ၏။

"ယောကလဲ မျက်နှာတောင်မသစ်ရသေးတာကို...."

သူမကနှုတ်ခမ်းလေးကို လက်ကလေးနဲ့ဖိကာပြောလျှင် ယော ပြုံးလိုက်မိပြီး....

"အဟွန်း မျက်နှာမသစ်ရသေးတော့ရော ဘာဖြစ်လဲ..... ညလေးနဲ့ ကိုယ် အရင်ကလဲ မျက်နှာမသစ်ဘဲနဲ့ အများကြီး အတူတူနေခဲ့ကြတာပဲ မဟုတ်လား.... အခုလို နမ်းတာလောက်လေးကတော့ ဘာမှ မဖြစ်ပါဘူး......"

❤️ Love & Fortune ❤️Where stories live. Discover now