❤️ အပိုင်း 41 ❤️

9.1K 389 13
                                    

❤️ Love & Fortune ❤️

အပိုင်း 41

မိဘမဲ့ဂေဟာလေးရဲ့ အ၀န်းအ၀ိုင်း အတွင်းမှာ ယောက ကားကို စက်သပ်ကာရပ်လိုက်လျှင် ဂေဟာအတွင်းမှ အသက်50 အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် 30 အရွယ် မိန်းကလေးတစ်ဦးတို့ ထွက်လာကြသည်။

ကားရပ်သွားပြီမို့ အိပ်ပျော်နေသည့် သမီးကို ပိုးရုံချီပြီး ကားပေါ်မှဆင်းလိုက်သည်။

"သမီးတို့က ဒီနေ့ရဲ့ အလှူရှင်တွေထင်တယ်...."

"ဟုတ်ပါတယ်ရှင့် ....မွေးနေ့အလှူလုပ်မှာက ဒီကသားလေးနဲ့ သမီးလေးပါ...."

ပိုးရုံ သူမအနားမှာရှိနေတဲ့သားလေးနဲ့ ချီထားတဲ့ သမီးလေးကို ရည်ညွှန်းပြီးပြောလိုက်လျှင် ထိုအမျိုးသမီးကြီးက ချိုသာစွာဖြင့် ပြုံးပြလာသည်။

"အေးကွယ်..... ဆရာမတို့က မနက်ထဲက သမီးတို့ကို မျှော်နေတာ..... ဆရာမက ဒီဂေဟာလေးရဲ့ အခုလက်ရှိကျောင်းအုပ်   ဒေါ်အင်ကြင်းခိုင်ပါ..... မောင်မိုးခဲပြောပြထားလို့ သမီးတို့ မိသားစုက ဆရာမတို့​ဂေဟာလေးကို ကူညီပေးမယ့် အကြောင်းတွေကို သိပြီး ဆရာမက ၀မ်းသာနေတာ....."

"သမီးတို့ကလဲ ကလေးနှစ်ယောက်အတွက် မွေးနေ့အလှူလေးကို ဘယ်မှာလုပ်ပေးရမလဲဆိုပြီး စဥ်းစားရင်းကနေ ကိုမိုးခဲ ပြောပြပေးတာနဲ့ ဆရာမကြီးတို့ရဲ့ ဂေဟာလေးကို သိပြီး အခုလိုမျိုး လာလှူဖို့ဖြစ်သွားခဲ့တာပါ....  ဟိုလေ ဒီက ကလေးလေးတွေအတွက် မုန့်နဲ့ အအေးလေးတွေလဲ သမီးတို့ ယူလာခဲ့ပါတယ် ဆရာမကြီး....."

"အို... သမီးတို့က မုန့်တွေပါ ထပ်ယူလာကြသေးတာလား ... ကျေးဇူးတင်စရာကောင်းလိုက်တာကွယ်..... မင်းဇော်နဲ့ မျိုးမင်းတို့ရေ အပြင်ကို ခဏလောက် ထွက်လာကြပါဦး....."

ထိုဆရာမကြီးက အထဲကို လှမ်းခေါ်လိုက်လျှင် 16 နှစ် / 17 နှစ်လောက်ရှိမည့် ကောင်လေးနှစ်ယောက်က အထဲမှ ချက်ချင်း ပြေးထွက်လာကြသည်။

"ဆရာမကြီး ကျွန်တော်တို့ကို ဘာခိုင်းမလို့လဲဗျ....."

"ဒီမှာ ဧည့်သည်တွေ ပါလာတဲ့ မုန့်လေးတွေကို အထဲကို သယ်ပေးလိုက်ကြပါဦး သားတို့ရယ်...."

❤️ Love & Fortune ❤️Where stories live. Discover now