❤️ အပိုင်း 74 ❤️

6.2K 356 13
                                    

❤️ Love & Fortune ❤️

အပိုင်း 74

ယော သမီးလေးနဲ့ အတူတူအိမ်သို့ပြန်လာချိန် လမ်းတစ်၀က်အရောက်မှာ သူ့အိတ်ထဲမှ ဖုန်းကမြည်လာတာမို့ ကြည့်လိုက်တော့ မိုးခဲဆီမှ ဖြစ်နေသည်။ ထို့ကြောင့် ဖုန်းရဲ့ answer call ကိုနှိပ်လိုက်ပြီး နားကြပ်ကို နားထဲတပ်လိုက်သည်။

"အေးပြော မိုးခဲ..."

"ဥက္ကဌ ပြင်သစ်ကကိုယ်စားလှယ်တွေစီးလာတဲ့လေယာဥ်က နောက် နာရီ၀က်အတွင်း ဒီကိုစိုက်မယ်လို့ပြောပါတယ်...."

"ဟမ် ဘယ်လိုဖြစ်တာလဲ ... သူတို့က မနက်မှ ရောက်မှာ မဟုတ်ဘူးလား "

"ကြည့်ရတာ သူတို့ဘက်က schedule အပြောင်းအလဲရှိသွားပုံပါပဲ ဥက္ကဌ ... အဲ့ဒီအကြောင်းကို M Group ရဲ့ ဥက္ကဌက ဥက္ကဌဆီကို လွန်ခဲ့တဲ့တစ်နာရီလောက်က mail ပို့ထားတယ်လို့တော့ ပြောပါတယ်...."

"ဟုတ်လား .... ငါ mail တွေကို မကြည့်ရသေးလို့ မသိလိုက်ဘူး....ပြီးမှပဲ စစ်ကြည့်လိုက်တော့မယ်....."

"ဟုတ်ကဲ့ ဥက္ကဌ ... အဲ့တာ ပြင်သစ်က ကိုယ်စားလှယ်တွေကို ကြိုဆိုဖို့အတွက် အခုလေဆိပ်ကို ဥက္ကဌ လာမှဖြစ်ပါမယ်...."

"မိုးခဲ အခု ငါက ...."

"မအားဘူးလို့တော့ မပြောပါနဲ့ ဥက္ကဌ...အခု ကျွန်တော်ရူးသွားတာကို မြင်ချင်လို့လား .... ဒီကိစ္စကိုပါ ကျွန်တော့်ကို ကြည့်ကျက်ပြီး ဖြေရှင်းခိုင်းရင် ကျွန်တော်တကယ်ရူးသွားတော့မှာနော်... ဟိုကနေ ကိုယ်စားလှယ်အဖြစ် ရောက်လာကြမယ့်သူတွေက တကယ့်ကို အရေးပါအရာရောက်တဲ့သူတွေဆိုတာ ဥက္ကဌလဲ သိရဲ့သားနဲ့ ....

M Group ရဲ့ ဥက္ကဌက သူကိုယ်တိုင် ရောက်မလာနိုင်လို့ သူ့ကိုယ်စား လုံး၀ကို ယုံကြည်စိတ်ချရတဲ့သူတွေကို လွှတ်ပေးလိုက်တာပါ..... အဲ့တာကို ကျွန်တော်တို့ဘက်က ဘယ်လိုမှ မလေးမစားသွားလုပ်လို့မရပါဘူး.....

အခု project က ကျွန်တော်တို့အတွက်ရော သူတို့အတွက်ပါ အရမ်းကို အရေးကြီးနေတာမဟုတ်လား..... အဲ့တာကြောင့် mutual respect က ရှိကိုရှိရပါ့မယ် .... ကျေးဇူးပြုပြီး နောက်နာရီ၀က်အတွင်း လေဆိပ်ကိုရောက်အောင်လာခဲ့ပေးပါ ဥက္ကဌ... ကျွန်တော် လေဆိပ်မှာပဲ စောင့်နေပါ့မယ် ......"

❤️ Love & Fortune ❤️Where stories live. Discover now