❤️ အပိုင်း 28 ❤️

11.7K 441 11
                                    

❤️ Love & Fortune ❤️

အပိုင်း 28

ယော၊ သူမ နဲ့ သားလေးတို့ မိသားစုလိုက် သမီးလေးအတွက် လိုအပ်မယ် ထင်တာလေးတွေကို မြင်မြင်သမျှ  အကုန်၀ယ်ခဲ့ပြီးနောက် ငွေရှင်းတဲ့အခါမှာ ပစ္စည်းတွေ အားလုံးစုပေါင်းလိုက်တော့ အများကြီး ဖြစ်လို့သွားခဲ့ပြီး လက်နဲ့သယ်သွားဖို့တောင် မဖြစ်နိုင်တော့တဲ့အထိ ဖြစ်သွားရ၏။

ထိုအခါ MD ကျော်စွာမင်းက မျက်နှာချိုသွေးကာ....

"ဟိုလေ ပစ္စည်းတွေက အများကြီးဆိုတော့ ကျွန်တော်တို့ သပ်သပ်ကားတစ်စီးနဲ့ ဥက္ကဌယောတို့ အိမ်ကို လာပို့ပေးရင်ရော ဘယ်လိုသဘောရပါလဲ ခင်ဗျ....."

သူတို့မိသားစု ၀ယ်ထားခဲ့တဲ့ ပစ္စည်းတွေထဲမှာ တွန်းလှည်းတွေ ၊ သစ်သားနဲ့လုပ်ထားတဲ့ ကလေးပုခက်လေးတွေပါ ပါနေတာကြောင့် သူ့ကားနဲ့ မဆန့်လောက်ဘူးဆိုတာကို ယော တွေးမိပြီး ကိုကျော်စွာမင်း ပေးသည့်အကြံကို လက်ခံလိုက်ရသည်။

"ကောင်းပြီလေ.... ဒါဆို ခင်ဗျားပြောသလိုပဲ လုပ်ကြတာပေါ့..... ဒါပေမဲ့ ချက်ချင်းတော့ လာပို့ပေးပါ...."

"ဟုတ်ကဲ့ပါ ဥက္ကဌယော.... ကျွန်တော်တို့ ပစ္စည်းတွေကို ကားပေါ်တင်ပြီးတာနဲ့ ဥက္ကဌယောတို့အိမ်ကို ချက်ချင်းလာပို့ပေးလိုက်ပါ့မယ်.... ဟို အိမ်လိပ်စာက ဟိုတစ်ခါနေရာပဲ မဟုတ်လားဟင် ဥက္ကဌယော ...."

"အင်း ဟုတ်တယ်.... အဲ့ဒီနေရာပဲ.... ဒါဆို ပိုက်ဆံရှင်းရအောင်...."

"ဟာ မဟုတ်တာ ဥက္ကဌယောကလဲ .... ပိုက်ဆံရှင်းဖို့ မလိုပါဘူး...."

"ဘယ်ဟုတ်မလဲ ဒီကုန်တိုက်က ကျွန်တော်ပိုင်တယ်ဆိုတိုင်း ပစ္စည်းတွေကို ကျွန်တော့်သဘောကျ ယူထုတ်သွားလို့ ဘယ်ဖြစ်မလဲ..... ဒီကတ်နဲ့ပဲ ငွေဖြတ်လိုက်ပါ.... "

"ဟုတ်....ဟုတ်ကဲ့ပါ ဥက္ကဌယော...."

"ဟိုလေ ဒီဘက်ခြမ်းက ပစ္စည်းတွေကို သားဟာသား သပ်သပ်ရှင်းမယ်နော် ဒယ်ဒီ .... "

"ဘာလို့လဲသား...."

"ဒီဘက်ခြမ်းက ပစ္စည်းတွေက ညီမလေးအတွက် သား၀ယ်ပေးထားတာလေးတွေမို့သားကိုယ်တိုင်ပဲ ငွေရှင်းချင်လို့ပါ ဒယ်ဒီ.... "

❤️ Love & Fortune ❤️Waar verhalen tot leven komen. Ontdek het nu