❤️ အပိုင်း 89 ❤️

5.6K 318 10
                                    

❤️ Love & Fortune ❤️

အပိုင်း 89

ခြိမ်း လက်ထဲကိုင်ထားတဲ့ အအေးဘူးလေးကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဒီအအေးဘူးက ဇ ကြိုက်သည့် စပျစ်အရသာ အအေးဘူးဖြစ်သည်။

ဒီအအေးဘူးကို ၀ယ်ပြီးထဲက ခြိမ်း ဘာဆက်လုပ်ရမလဲဆိုတာကို တွေးမိပြီး အခက်တွေ့နေရတာဖြစ်၏။

ဇရှေ့မှာ ခပ်တည်တည်နဲ့ပဲ အအေးဘူးကို ချပေးရင်း ရော့ မင်းအတွက်ဆိုပြီး ပြောလိုက်ရင် ကောင်းမလား။

အဲ့လိုဆိုရင်ရော အဲ့ကောင်က စိတ်ဆိုးပြေပါ့မလား။

"ခြိမ်း ...."

ခြိမ်း အအေးတစ်ဘူးကိုင်ထားရင်းနဲ့ ငိုင်နေတုန်းမှာပဲ သူ့နာမည်ခေါ်သံကြား၍ လှည့်ကြည့်လိုက်လျှင် မာန် ဖြစ်နေ၏။

"အထဲမ၀င်ဘဲ ဘာရပ်လုပ်နေတာလဲ...."

"ဘာမှ မလုပ်ပါဘူး .... မင်းကရော ဘယ်ကနေ ပြန်လာတာလဲ...."

"ငါက အအေးသွား၀ယ်တာ.... ဒါက မင်းအတွက်...."

မာန် သူ့လက်ထဲမှာကိုင်ထားသည့် အအေးတစ်ဘူးကို ခြိမ်းအား လှမ်းပေးလိုက်လျှင် ခြိမ်းလက်ထဲမှာလဲ အအေးတစ်ဘူးရှိနေတာကြောင့် မျက်ခုံးပင့်သွားရသည်။

"မင်းလက်ထဲမှာလဲ အအေးဘူးရှိနေတာပဲ.... "

မာန်က သူ့လက်ထဲမှ အအေးဘူးကိုမြင်သွားလျှင် ခြိမ်း အလိုလို လက်ကိုနောက်ပစ်ပြီး ၀ှက်လိုက်မိသည်။

"အဟမ်း ဘာမှမဟုတ်ပါဘူး .... ဒါ ငါ့အတွက်မဟုတ်လား ကျေးဇူးပဲ... "

ခြိမ်း ပြောပြီးတာနဲ့ မာန်ပေးသည့် အအေးဘူးကို ဆွဲယူကာ လှည့်ထွက်မယ် အလုပ်....

"မင်းလက်ထဲက ဇ အတွက် အအေးဘူးကို ပေးခဲ့လိုက်လေ.... ငါသွားပေး ပေးမယ်...."

"ဟမ်...."

မာန့်စကားကြောင့် ခြိမ်း ကို့ရို့ကားရားဖြစ်သွားကာ လှည့်ကြည့်လိုက်တော့ မာန်က သူ့လက်ထဲမှ စပျစ်အရသာ အအေးဘူးကို မေ့ငေါ့ပြသည်။

"အဲ့စပျစ်အရသာက ဇ ကို ပေးဖို့မဟုတ်လား.... "

"မ.... မဟုတ်ပါဘူး ငါ့ဟာငါသောက်ဖို့ပါ.... "

❤️ Love & Fortune ❤️Where stories live. Discover now