❤️ အပိုင်း 45 ❤️

9.6K 360 5
                                    

❤️ Love & Fortune ❤️

အပိုင်း 45

အိပ်ရာပေါ်မှာ ​ခြေထောက်လေးတွေယက်ကန်ယက်ကန် လုပ်နေတဲ့ သမီးလေးကို ပိုးရုံ အပြင်သွားဖို့ပြင်ဆင်ပေးနေမိကာ အဆုံးသတ်အနေနဲ့ ခေါင်းမှာ လိမ္မော်ရောင်ဖဲကြိုးခေါင်းပတ်လေးကို ၀တ်ပေးလိုက်သည်။

"အမ်း.... မား...."

"အဟွန်းဟွန်း မာမီ မီးငယ်လေးက မာမီလို့တောင် ခေါ်ချင်နေပြီလား.... အမလေး ချစ်ဖို့ကောင်းလိုက်တာ..... ဘယ်သူ့သမီးလေးမို့ အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာပါလိမ့်....."

သမီးရဲ့ ပါးလုံးအိအိလေးနှစ်ဖက်ကို ပိုးရုံ
လက်မရယ်၊ လက်ညှိုးလေးရယ်နဲ့ အသာဖြစ်ညှစ်ပြီး မေးလိုက်လျှင် သမီးက အသံလေးတွေ တခစ်ခစ်ထွက်လာကာ ရယ်လေသည်။

ယော လက်မှာ နာရီပတ်နေရင်းနဲ့ အိပ်ရာပေါ်မှာ တခစ်ခစ်နဲ့ ရယ်နေကြတဲ့ သားအမိကိုကြည့်ကာ ပြုံးလိုက်မိသည်။

"ညလေး ကိုယ်ပြီးပြီနော်....."

"ဒယ်ဒီက ပြီးသွားပြီတဲ့ သမီးရေ.... မာမီတို့ အခု အပြင်သွားကြမယ်နော်...."

သမီးက သူ့ခေါင်းလေးကို တော်တော်နိုင်နေပြီဖြစ်တဲ့အတွက် ပိုးရုံ ဒီအတိုင်းလေး သမီးကို ချိုင်းလေးကနေ မချီလိုက်သည်။

"အဟွန်းဟွန်း ဒယ်ဒီအသည်းတုံးလေးက ဒီနေ့တော့ လိမ္မော်သီး၀မ်းဆက်လေးနဲ့ပါလား....."

အဖြူရောင်မှာ လိမ္မော်သီးလေးတွေရှိတဲ့ ဂါ၀န်၀ဲ၀ဲလေးကို ၀တ်ထားပြီး ခေါင်းမှာလဲ လိမ္မော်ရောင်ဖဲကြိုးခေါင်းပတ်လေးကို ပတ်ထားတာကြောင့် သမီးက လိမ္မော်သီးလေးတစ်လုံးလို လုံး၀န်းကာ ချစ်ဖို့ကောင်းနေသည်။

ယောက သူ့သမီးအား ချစ်မ၀စွာဖြင့် ကြည့်ကာ အိတွဲကျနေတဲ့ပါးလုံးလုံးလေးကို ငုံ့နမ်း၏။

"အဟွန်း.... ဒယ်ဒီဆီ လာပါဦးကွာ.... ဒယ်ဒီက ချီချင်လို့ ...."

ယောက သမီးကို ခေါ်လျှင် သမီးက သူ့အဖေဆီကို ပျော်ပျော်ရွှင်ရွှင်ပဲ ပါသွား၏။

"အဲ့တာဆို ယော သမီးကို ချီပြီးအောက်ဆင်းသွားလိုက်တော့လေ..... ညလေး သားကို ခေါ်ပြီး လိုက်လာခဲ့မယ်..... "

❤️ Love & Fortune ❤️Where stories live. Discover now