❤️ အပိုင်း 58 ❤️

7.3K 364 7
                                    

❤️ Love & Fortune ❤️

အပိုင်း 58

"ကျွန်တော်တို့အနေနဲ့တော့ M Group နဲ့ လုပ်ငန်းသစ်လုပ်မယ့်ကိစ္စကို ကန့်ကွက်စရာ ဘာမှမရှိပါဘူး ဥက္ကဌယော... M Group အနေနဲ့က ပြင်သစ်မှာ အခြေကျပြီးသား Group တစ်ခုလဲဖြစ်ပြီးသားဆိုတော့ အဲ့လို Group မျိုးနဲ့ လုပ်ငန်းတွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာလဲ ဘာမှနစ်နာစရာမရှိဘူးလို့ ထင်ပါတယ်....  Project က နှစ်ရှည်စီမံကိန်း ဖြစ်နေတဲ့အတွက်ကြောင့်သာ သူတို့နဲ့ သေချာလေးဆွေးနွေးညှိနှိုင်းပြီးမှ စာချုပ်ချုပ်တာမျိုးတွေလုပ်ရင်ကောင်းမယ်ထင်ပါတယ် ..... "

ဒါရိုက်တာတစ်ယောက်တင်ပြလာတဲ့ အကြံပြုချက်ကို ယော ခေါင်းငြိမ့်ပြီး လက်ခံလိုက်မိသည်။

"အင်း .... ဦးစိုးညွန့် ပြောတာကို ကျွန်တော်လက်ခံပါတယ်.... M Group က ပြင်သစ်မှာ အခြေကျပြီးသား လုပ်ငန်းဖြစ်တဲ့အတွက် လုပ်ငန်းတွဲလုပ်ရင် ကျွန်တော်တို့ဘက်က နစ်နာစရာမရှိဘူးဆိုတာ မှန်ပါတယ် .... ဒါပေမဲ့ profit share(အမြတ်ရှယ်ယာ) ကိစ္စမှာတော့ စကားပြောရလိမ့်မယ်ထင်တယ်...."

"အဲ့တာတော့ ဟုတ်ပါတယ် ဥက္ကဌယော .... သူတို့ဘက်က တောင်းဆိုတဲ့ profit share (အမြတ်ရှယ်ယာ) ပမာဏက ကျွန်တော်တို့ လက်ခံနိုင်တာထက် နည်းနည်းလေး များနေပါတယ်...."

"ဟုတ်တယ် သူတို့ဘက်က နည်းပညာစိုက်သလို ကျွန်တော်တို့ဘက်မှာလဲ လူအားငွေအားစိုက်ထားရမှာ မနည်းဘူးလေ.....အဲ့ဒီကိစ္စကို M Group က CEO နဲ့ ကျွန်တော် သေချာဆွေးနွေးကြည့်လိုက်ပါ့မယ် .... ကြားထားတာကတော့ သူက ပြင်သစ်နိုင်ငံသား ခံယူထားပေမယ့် မြန်မာလူမျိုးလို့ပြောတယ်....သူနဲ့ တိုက်ရိုက်ဆွေးနွေးတာ အဆင်ပြေသွားရင်တော့ ဒီ Project ကို စပြီးလုပ်လို့ရပြီပေါ့ ....  "

"ဥက္ကဌယောကို ကျွန်တော်တို့ဒါရိုက်တာတွေအားလုံးက အစစအရာရာ ယုံကြည်စိတ်ချထားပြီးသားပါဗျာ....."

ပြင်သစ်မှ M Group နဲ့ အလုပ်တွဲလုပ်ဖို့ကိစ္စကို ဒါရိုက်တာအဖွဲ့၀င်တွေနဲ့ ယော ဆွေးနွေးနေတုန်းမှာပဲ သူ့coat အင်္ကျီထဲမှ ဖုန်းက မြည်လာတာကြောင့် ဒါရိုက်တာတွေကို ယော လက်ခဏကာပြကာ ဖုန်းကို ကြည့်လိုက်တော့ ချစ်ရတဲ့မဟေသီဆက်နေတာဖြစ်၏။

❤️ Love & Fortune ❤️Where stories live. Discover now