❤️ အပိုင်း 76 ❤️

6.1K 330 6
                                    

❤️ Love & Fortune ❤️

အပိုင်း 76

"ပြင်သစ်ဟုတ်လား ယော .... "

"အွန်းဟုတ်တယ် ညလေး .... ကိုယ်တို့မိသားစု သန်ဘက်ခါ ပြင်သစ်ကို သွားရမယ်.... အစကတော့ M Group ရဲ့ ဥက္ကဌနဲ့ အလုပ်ကိစ္စအကြောင်းဆွေးနွေးမှာမို့ ကိုယ်တစ်ယောက်ထဲသွားမို့ပါပဲ.... နောက်တော့ M Group ဥက္ကဌက ကိုယ်တို့တစ်မိသားစုလုံးကို အလည်လာဖို့ဖိတ်တယ်လေ...... ကိုယ်တို့မိသားစုလဲ ပြည်ပခရီးမထွက်ရတာကြာပြီဆိုတော့ ကိုယ်လဲ သူ့ဖိတ်ကြားချက်ကို လက်ခံလိုက်တာ.... ညလေး အဆင်မပြေလို့လား....."

"အဆင်မပြေတာတော့ မရှိပါဘူး ယောရဲ့ .... ရုတ်တရက်ကြီး ပြင်သစ်ကိုခရီးထွက်ရမယ်ဆိုတော့ အံ့သြသွားရုံပါ.... ဘာမှလဲ မပြင်ဆင်ရသေးဘူးလေ..."

"လိုအပ်တာမှန်သမျှ ဟိုမှာ၀ယ်လို့ရပါတယ် ညလေးရဲ့ .... အာ ဒါနဲ့ M Group ဥက္ကဌရဲ့သားက သားရဲ့သူငယ်ချင်းတဲ့.... ဟုတ်လားသား...."

"ဟင် ဘယ်သူလဲဒယ်ဒီ ...."

ခြိမ်းလေးမှာ ညစာစားနေရင်းကနေ ဒယ်ဒီဆီမှ M Group ရဲ့ သားက သူ့သူငယ်ချင်းလားဆိုပြီး မေးလာတာကြောင့် ကြောင်သွားရသည်။ သူ့မှာ သူငယ်ချင်းဆိုလို့ ၄ယောက်ပဲ ရှိတာမဟုတ်လား။

"ရာဇမာန်လို့တော့ ပြောတယ်.... သား မသိဘူးလား...."

"အာ... မာန်လား ..... ဟုတ်တယ် ဒယ်ဒီ မာန်က သားသူငယ်ချင်းပါ....."

"ဪ ဟိုကောင်လေး ... အမြဲမျက်နှာက အလိုမကျသလိုမျိုး တည်တင်းနေတတ်တဲ့ကောင်လေးမဟုတ်လား သား.... "

သားတို့သူငယ်ချင်းအုပ်စုထဲမှာက မိန်းကလေး ၂ယောက်၊ ယောကျာ်းလေး ၃ယောက်ရှိတာကို ယောသိထားသည်။ အမြဲပျော်ပျော်နေတတ်တဲ့ ကိုခေါင်ဧကရဲ့  သားလေးကိုလဲ သူသိတာမို့ ကျန်နေတဲ့ သားရဲ့ သူငယ်ချင်းဆိုလို့ အဲ့ဒီမာနကြီးတဲ့ကောင်လေးပဲရှိတော့သည်။

"ဒယ်ဒီကရဲ မျက်နှာတည်သာဟုတ်ပါ၀ူး.... ကိုကိုကြီးက ချောသာပါ .... "

ထမင်းနဲ့ အသားတစ်ဖတ်ကို ဇွန်းလေးပေါ်တင်ပြီးစားရင်းနဲ့ ဘာရယ်မဟုတ်ပြောလိုက်သည့် သမီးရဲ့ စကားကြောင့် ယောနဲ့သားလေးတို့နှစ်ယောက်လုံးမှာ ရုတ်တရက် အေးခဲပြီး တောင့်တောင့်ကြီးတွေဖြစ်သွားကြသည်။

❤️ Love & Fortune ❤️Hikayelerin yaşadığı yer. Şimdi keşfedin