❤️ အပိုင်း 25 ❤️

12.6K 443 6
                                    

❤️ Love & Fortune ❤️

အပိုင်း 25

"ဟုတ်ပါပြီ မားမားရဲ့ .... မားမားပေးခိုင်းတဲ့ အသားလွှာနှပ်တွေကို ကြီးကြီးတို့ဆီ သမီးသွားပို့နေပြီ.... အခုလမ်းပေါ်မှာ.... နောက် ၅မိနစ်လောက်နေရင်ပဲ ကြီးကြီးတို့ဆိုင်ဆီရောက်ပြီ..... "

"......."

"အိမ်ကို သွားမပို့တော့ဘူးလေ.... ဆိုင်ကိုပဲ သွားပို့လိုက်တော့မယ်....  သမီး ဒီနေ့ ပိုးရုံတို့အိမ်ကို သွားလည်စရာရှိသေးတယ်..... ပိုးရုံက ဂျယ်ဂျူကအပြန် သမီးအတွက် လက်ဆောင်တွေ ပါလာတယ်ဆိုလို့ သွားယူရင်း သူတို့သားအမိနဲ့တွေ့ဦးမှာ.....အဲ့တာကြောင့် ပိုးရုံတို့ အိမ်နဲ့ လမ်းသင့်နေတဲ့ ကြီးကြီးတို့ဆိုင်ဆီကိုပဲ သွားပို့လိုက်တော့မယ်... "

"........"

"ဟုတ်... ပိုးရုံတို့အိမ်မှာပဲ နေ့လယ်စာ စားမှာ မားမား..... "

"......"

"ပါပါတယ်မားမားရဲ့ ...  သမီးက သူများအိမ်ကို လက်ဗလာနဲ့ သွားစရာလား.... ခြိမ်းလေးအတွက် အင်္ကျီလေးတွေနဲ့ ကစားစရာလေးတွေ ၀ယ်သွားတယ်.... ဟိုက လက်ဆောင်ပေးတာတွေချည်းသွားယူ၊ ဟိုကကျွေးတာတွေစားပြီး ပြန်လာရအောင် သမီးအဲ့လောက်ထိ မျက်နှာပြောင်မတိုက်ပါဘူး မားမားရဲ့ .... ဟိုက မဗိုက် စားချင်နေတယ်ဆိုတဲ့ ချယ်ရီသီးတွေလဲ၀ယ်သွားတယ်....."

"........"

"အဲ့တာဆို ဒါပဲနော် မားမား.... သမီး ဖုန်းချလိုက်တော့မယ်.... ကြီးကြီးတို့ ဆိုင်ရှေ့လဲ ရောက်နေပြီ....ဟုတ်ဟုတ် "

ယွန်းမှီမှာ အမေဖြစ်သူနဲ့ ဖုန်းပြောပြီးတာနဲ့ အဒေါ်ဖြစ်သူရဲ့ ရတနာဆိုင်ရှေ့မှာ ကားလေးကို ထိုးရပ်လိုက်ပြီး မားမား ပေးခိုင်းသော အသားလွှာနှပ်ဗူးကြီးကိုယူရင်း ကားပေါ်မှ ဆင်းလာခဲ့သည်။

အိမ်မှာ ဟိုတစ်နေ့က Australian Beef တွေ အများကြီး လက်ဆောင်ရလာလို့ မားမားက အသားလွှာနှပ်လုပ်ပြီး သူ့အစ်မဆီ သွားပို့ခိုင်းတာနဲ့ ယွန်းမှီမှာ အခုလို ကြီးကြီးရဲ့ ဆိုင်ရှေ့သို့ ရောက်လာရတာဖြစ်သည်။

မားမားရဲ့ အစ်မအရင်းဖြစ်သည့် ကြီးကြီးက ရတနာကုန်သည်တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပြီး အခုရတနာဆိုင်အကြီးကြီးတစ်ခု ဖွင့်ထား၏။

❤️ Love & Fortune ❤️Where stories live. Discover now