❤️ အပိုင်း 57 ❤️

7.9K 349 7
                                    

❤️ Love & Fortune ❤️

အပိုင်း 57

"သား ဒယ်ဒီ ၀င်လာခဲ့မယ်နော်...."

"ဟုတ် ဒယ်ဒီ .... ၀င်လာလို့ရတယ်.... သား တံခါးကို lock မချထားဘူး "

ယော သားရဲ့ အခန်းတံခါးလေးကို ခေါက်ပြီး​ အထဲ၀င်လာမယ်ဆိုတဲ့အကြောင်းပြောလျှင် သားက အထဲကနေ ၀င်လာခဲ့ဖို့ အသံလေး လှမ်းပေးသည်။

ထို့ကြောင့် ယော တံခါးလက်ကိုင်ကို လှည့်ပြီး တံခါးကိုဖွင့်လိုက်လျှင် အခန်းထဲမှာ သားလေးက ကျောင်းသွားဖို့ပြင်ဆင်နေတာဖြစ်၏။

neck-tie လေး၀တ်နေရင်းနဲ့ သားက
သူ့အားလှမ်းပြီး ပြုံးပြလာသည်။

ချောမောရှင်းသန့်နေသည့် သားက ကြီးလာလေလေ သူနဲ့ပိုပြီး တူလာလေလေဖြစ်သည်။

ဥာဏ်ကောင်းလွန်းပြီး မိသားစုအပေါ်နားလည်မှုအပြည့်အ၀ရှိသည့် သားလိုမျိုး အမွေဆက်ခံသူလေးရှိနေတာ ယောတကယ်ပဲ ဂုဏ်ယူမိ၏။

"သားကို ဒယ်ဒီဟိုက၀ယ်လာတဲ့ လက်ဆောင်လေးလာပေးတာလေ... သားကြိုက်မယ်လို့တော့ ထင်တာပဲ....."

"ဘာလေးလဲဟင် ဒယ်ဒီ "

ယော ယူလာတဲ့ Prada Shoes box လေးကို သားအား ဖွင့်ပြလိုက်လျှင် သားရဲ့မျက်လုံးလေးတွေက တလက်လက်တောက်ပသွားသည်။

"သားအတွက် ဟိုမှာရှိတဲ့ Prada ရဲ့ Retail Store တစ်ခုကနေ ဒယ်ဒီ၀ယ်လာတာလေ ..... သားက ဒယ်ဒီနဲ့ အမြဲတမ်း အကြိုက်တူတတ်တာဆိုတော့ သားအတွက် ဒယ်ဒီသဘောကျတာလေးပဲ ရွေး၀ယ်လာတာ..... သားကြိုက်ရဲ့လား....."

"ကြိုက်တာပေါ့ ဒယ်ဒီရဲ့ .... ဒါ နောက်ဆုံးထွက်ထားတဲ့ collection ထဲကမလားဟင်...... Prada website ထဲ သား ၀င်တောင်ကြည့်ဖြစ်သေးတယ်.... ဒီဖိနပ်လေးကို စမြင်ထဲက သားသဘောကျခဲ့တာ..... အခုတော့ သားလက်ထဲရောက်လာပြီပဲ ....."

"အဲ့တာများ ဒယ်ဒီကို ဘာလို့လာမပြောတာလဲ ​သားရဲ့ ..... သား သဘောကျတယ်ဆိုရင် ဒယ်ဒီလှမ်းမှာပေးမှာပေါ့လို့ .... "

"သားကြောင့်နဲ့ ဒယ်ဒီကို အလုပ်မရှုပ်စေချင်လို့ပါ ဒယ်ဒီရဲ့ ..... ပြီးတော့ သားက ဒီဖိနပ်လေးကို သဘောကျတယ်ဆိုပေမယ့် အခုလက်ရှိစီးနေတဲ့ ဖိနပ်ကလဲ အဆင်ပြေနေသေးတာနဲ့ ဒယ်ဒီကို မပူဆာဖြစ်တော့တာ.... ဘယ်လိုပဲဖြစ်ဖြစ် မကုန်သင့်တာ မကုန်တာ ပိုပြီးကောင်းတယ်မဟုတ်လား ဒယ်ဒီ ......"

❤️ Love & Fortune ❤️Donde viven las historias. Descúbrelo ahora