🚨 အပိုင်း 72🚨

15.1K 334 7
                                    

❤️ Love & Fortune ❤️

အပိုင်း 72

🚨❗️Warning ❗️🚨

ညလေးအား ခုတင်ပေါ်မှာထိုင်စေပြီးတာနဲ့ ရနံ့မွှေးတဲ့ ပန်းပွင့်တစ်ချို့နဲ့ ဆေးရည်တို့ပါ၀င်ရောစပ်ထားတဲ့ ဇလုံလေးကို ကြမ်းပြင်ပေါ်ချလိုက်ကာ ယော ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်သည်။

ထို့နောက် ညလေးခြေထောက်လေးတွေကို ရေစိမ်စေပြီး သူ မကြာခင်ကမှ လေ့လာထားခဲ့သည့် နည်းလမ်းတစ်ချို့နဲ့ ဖွဖွလေး နှိပ်ပေးမိလျှင် ညလေးက သူ့ကို ပြုံးပြီးစိုက်ကြည့်နေသည်။

"ဘယ်လိုလဲ ... အညောင်းအညာတွေပြေသွားပြီး နေရတာလဲ ပေါ့ပေါ့ပါးပါးရှိလာတယ် မဟုတ်လား....."

"အွန်း အရမ်းကောင်းတယ် .... လူတစ်ကိုယ်လုံး ပေါ့ပါးသွားတာပဲ... ဒါနဲ့ ယောက Foot Massage ကို ဘယ်လိုလုပ်ပြီးသိနေရတာလဲ..... "

"ကိုယ် google ကနေ ရှာပြီး လေ့လာထားတာလေ.....Youtube က video တွေလဲ သေချာကြည့်ထားတယ်..... "

"အဟွန်း ဒီလိုဆိုရင်တော့ ယောကျာ်းကို ဆုသေချာချမှရတော့မှာပဲ..... ဒီနေ့အတွက် Game city မှာ ကာကွယ်ပေးခဲ့တာရယ် ၊ အိမ်ပြန်ရောက်တော့လဲ အခုလိုမျိုး ခြေထောက်ကိုရေစိမ်ပေးပြီး နှိပ်ပေးနေတာရယ်ကြောင့်လေ ..... "

"ကိုယ်က ညလေးကို မပင်ပန်းစေချင်လို့ပါ.... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အဖြစ်အပျက်တွေကြောင့် ညလေးစိတ်အနှောင့်အယှက်ဖြစ်ပြီး အိပ်မပျော်မှာကို ကိုယ်မလိုချင်ဘူး.... အဲ့တာကြောင့် ပျားရည်လာဗန်ဒါလက်ဖက်ရည်လေးလဲမျိုးမျိုးကို ဖျော်ခိုင်းထားသေးတယ်....
မအိပ်ခင်လေး သောက်လိုက်နော်...."

ယောက ပြောရင်းနဲ့ သူမခြေထောက်လေးတွေကို ဇလုံထဲမှ ဆယ်ယူကာ ပု၀ါအသေးလေးနဲ့ ခြောက်အောင်လို့
ရေသေချာသုတ်ပေးနေသေးသည်။

"ဒါပေမဲ့ ယောရဲ့ ... လက်ဖက်ရည်သောက်တာထက် လေ့ကျင့်ခန်းလုပ်လိုက်တာက ခန္ဓာကိုယ်အတွက်ကောင်းပြီး ပိုပြီးလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမယ်လို့တော့ ညလေးက ထင်တာပဲ....."

"လေ့ကျင့်ခန်း... ဘယ်လိုလေ့ကျင့်ခန်းမျိုးလဲ..."

ညဘက်ကြီး သူမလေ့ကျင့်ခန်းလုပ်မယ်ဆို၍ ယောက အံ့အားသင့်စွာဖြင့် သူမအား မော့ကြည့်လာလျှင် S*x လေ့ကျင့်ခန်းဟု ပိုးရုံ နှုတ်ခမ်းလေးလှုပ်ရုံ ပြောပြလိုက်သည်။

❤️ Love & Fortune ❤️Where stories live. Discover now