❤️ အပိုင်း 53 ❤️

7.9K 347 7
                                    

❤️ Love & Fortune ❤️

အပိုင်း 53

သူ့ကိုယ်ပေါ်မှာ ပိုးလို့ပက်လက်လေးလန်ပြီး အိပ်ပျော်နေသော သမီးလေးကို ယော ငုံ့ကြည့်ရင်း ပြုံးလိုက်မိသည်။

ညလေးကတော့ သူ့ဘေးမှာထိုင်နေပြီး ယွန်းမှီနဲ့ ခုဏဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောရင်း တစ်ဖက်မှာလဲ hotpot အိုးထဲသို့ အသားလုံးတွေ ထည့်ကာ မအားလပ်နိုင်ပေ။

ညလေးက hotpot စားချင်တယ်ဆို၍
အရသာတော်တော်လေးကောင်းတယ်ဟု အခုတလောနာမည်ကြီးနေသည့် ပြည်လမ်းမပေါ်က ဆိုင်ကို ယော ခေါ်သွားခဲ့ပြီး ဟိုရောက်တော့ အေးအေးဆေးဆေး စားလို့ရအောင်လို့ သီးသန့်ခန်းတစ်ခန်း ယူလိုက်သည်။

"ယော.... ဒီ ဘဲအသားလွှာလေးတွေ စားမှာမလားဟင်.... "

"အွန်း စားမယ်လေ ညလေး.... "

"အဲ့တာဆို ညလေး တစ်ခါထဲထည့်ပြုတ်လိုက်မယ်နော်...."

ညလေးက သူ့ဆီကအဖြေရတာနဲ့ ကြွေရောင်ပန်းကန်ပြားအဖြူလေးထဲက ဘဲအသားလွှာလေးတွေအားလုံးကို အိုးထဲထည့်ပစ်လိုက်သည်။

"ပိုးရုံရယ် နင်နဲ့ဥက္ကဌယောတို့ အခုလိုမျိုးလေး ချစ်ချစ်ခင်ခင်ရှိနေတာကို မြင်ရတာ တကယ်စိတ်ချမ်းသာတယ်......ဥက္ကဌယော ခုဏကပြောသွားတာတွေကလဲ လုံး၀မိုက်တယ် သိလား.... "

"မှန်မှန်ပြော အပျိုကြီး.... ငါတို့လင်မယားကို ကြည့်ပြီး နင်အားကျနေပြီမဟုတ်လား....."

"အားကျတာပေါ့ဟဲ့ ... "

"အားကျရင် နင်လဲ မြန်မြန်ယူတော့လေ.... ဒီမှာ ငါတောင် ကလေး၂ယောက်ဖြစ်နေပြီ.... ယူမယ့်လူကလဲ နင့်မှာအဆင်သင့်ရှိနေတာကို နင်ကဘာတွေမူနေသေးတာလဲ...."

hotpot က စားလို့ရနေပြီဖြစ်တဲ့အတွက် ယောရဲ့ ပန်းကန်လုံးလေးထဲကို ပိုးရုံ အသား၊ အသားလုံးတွေနဲ့ အရွက်တစ်ချို့ကို ဆယ်ထည့်ပေးရင်းကနေ ယွန်းမှီကို စလိုက်သည်။

"အမလေး အဲ့လူကတော့ တော်ပါဟယ်....
နင်တို့ကို အားကျပြီး အဲ့လူကိုသာ ယူရမယ်ဆို ငါ ငါးပါးတင်မဟုတ်ဘူး ဆယ်ပါးပါမှောက်လိမ့်မယ်.... တော်ပြီ တော်ပြီ....
ယူမယ့်လူက သူတစ်ယောက်ပဲရှိရင်တော့ ယူမနေတော့ဘူး ..... ငါ့ဟာငါပဲ အေးဆေးနေပါ့မယ်...."

❤️ Love & Fortune ❤️Where stories live. Discover now