❤️ အပိုင်း 43 ❤️

12K 371 7
                                    

❤️ Love & Fortune ❤️

အပိုင်း 43

"ရိုက်မယ်နော်....မီးမီးလေးရေ ဒီကိုကြည့်ပါ ...."

"ကြိုးကြိုး ကိုကိုတို့ Camera ကို ကြည့်ကြမယ်နော်.... ကြိုးကြိုးလေးက လိမ္မာတယ် ကိုကို လက်ညှိုးထိုးပြတဲ့ဆီကို ကြည့်နော်....."

"အဲ...."

သမီးက သူ့အစ်ကိုပြောရင်တော့ တစ်ခွန်းထဲနဲ့ ရသည်။ သားက Camera ကို ကြည့်ဖို့ လက်ညှိုးလေး ညွှန်ပြလိုက်သည်နှင့်
Camera ကို တန်းပြီးကြည့်ရှာသည်။

အခုက သမီးနဲ့ သားရဲ့ မွေးနေ့ပွဲလေးမှာ အမှတ်တရဖြစ်သွားအောင်လို့ ဓာတ်ပုံဆရာခေါ်ကာ ဓာတ်ပုံလေးတွေ ရိုက်နေတာဖြစ်၏။

ကလေးတွေရဲ့ မွေးနေ့မှာ ယောက သားကို နက်ပြာရောင် Tuxedo Suit လေး ဆင်ပေးကာ သူမကတော့ သမီးလေးကို ဇာဂါ၀န်လေးရယ်၊ မေးမှာ သိုင်းပြီးကြိုးချည်ရသောဦးထုပ်လေးရယ်နဲ့ ရှူးဖိနပ်လေးရယ်ကို သူမအကြိုက်ဆုံးအရောင်လေးဖြစ်သည့် အဖြူရောင်လေးကိုပဲ ရွေးချယ်ကာ ၀တ်ဆင်ပေးခဲ့သည်။

Sofa ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ကာ ဓာတ်ပုံရိုက်ခံနေကြသည့် ကလေးနှစ်ယောက်ကို ကြည့်ပြီး ဓာတ်ပုံဆရာက သဘောကျစွာရယ်သည်။ ထိုဓာတ်ပုံဆရာ သည် မင်းသား၊ မင်းသမီးတွေကိုချည်း ရိုက်ကူးပေးရသည့် နာမည်ကြီး camera man ဖြစ်ပြီး ပွဲဆက်အလွန်များသူဖြစ်၏။

သူနဲ့ ဓာတ်ပုံရိုက်ဖို့ဆို ၆လလောက်ကြိုချိတ်ပြီး booking လုပ်ရတယ်လို့ ပိုးရုံကြားဖူးခဲ့တာ အခုတော့ မနေ့ညကမှ ကလေးနှစ်ယောက်အတွက် မွေးနေ့မှာဓာတ်ပုံလေးရိုက်ပေးချင်လိုက်တာဟုပဲ ယောကို သူမ ပြောရသေးသည် ယောတစ်ယောက် ဒီဓာတ်ပုံဆရာကို ဘယ်လိုမျိုးဆက်သွယ်လိုက်လဲတော့မသိပါ။

မနက်ရောက်တော့ ကလေးတွေရဲ့ မွေးနေ့ပွဲမစခင်မှာပဲ ဓာတ်ပုံဆရာက သူမတို့ ခြံရှေ့သို့ရောက်နေခဲ့သည်။

သူမဖြစ်ချင်တာမှန်သမျှကို အခုလိုမျိုးချက်ချင်းဖြည့်ဆည်းပေးနိုင်သည့် သူမယောကျာ်းရဲ့ လုပ်နိုင်စွမ်းကိုတော့ ပိုးရုံ မချီးကျူးဘဲ မနေနိုင်ပါ။

❤️ Love & Fortune ❤️Where stories live. Discover now