❤️ အပိုင်း 23 ❤️

13.2K 455 8
                                    

❤️ Love & Fortune ❤️

အပိုင်း 23

ယောနိုင်ငံရဲ့ အလုပ်ကိစ္စတွေရယ်၊ သူမတို့ မိသားစု လည်တာပတ်တာတွေရယ် အားလုံးပေါင်းပြီး ပိုးရုံတို့ ဂျယ်ဂျူမှာ 10 ရက်တိတိ ကြာသွားခဲ့၏။

မနက်ဖြန်ဆို မြန်မာပြည် ပြန်ရတော့မှာမို့ ဒီညထဲက ဟိုတယ်ခန်းထဲမှာ ပိုးရုံ အထုပ်အပိုးတွေကို သိမ်းဆည်းနေရသည်။

ယောနိုင်ငံ နဲ့ သားနဲ့က Luggage တစ်ခုဆီသာမို့ သူတို့ သိမ်းစရာရှိတာတွေအားလုံးကို သူတို့ဘာသာ စောစောစီးစီး ကြိုသိမ်းထားခဲ့ပြီး သူမတစ်ယောက်ထဲသာ အခုချိန်ထိ ပစ္စည်းတွေကို သိမ်းလို့ မပြီးနိုင်သေးတာ ဖြစ်၏။

"ဒယ်ဒီ .... ဒီဟာကို ဘယ်လိုလုပ်ရမလဲဟင်.... သားမလုပ်တတ်တော့ဘူး..... ဒီကောင်က ရုတ်တရက်ကြီး ပေါ်ပေါ်လာပြီး သားကို လာလာပစ်တော့ သားရှုံးသွားတာ ဒါနဲ့ဆို နှစ်ခါရှိပြီ....."

"ဒီလိုလေ သားရဲ့ .... အဲ့လိုမျိုးဆို အဲ့ကောင်ပေါ်လာမယ့်အချိန်ကို သားက နည်းနည်းချိန်ကိုက်ပြီး ခဏစောင့်နေလိုက်..... ဒီအကွယ်မှာ သား ခဏပုန်းနေလိုက်ရင် ရတယ်...."

"ဟင် .... အဲ့ကောင်ကြီးက သားရောက်မှ ပေါ်လာတာမဟုတ်ဘဲ သူ့ဘာသူလဲ ပေါ်လာမှာလား ဒယ်ဒီ "

"သူက သူ့ timing နဲ့သူ ပေါ်လာမှာသားရဲ့ .... အဲ့တာကြောင့် သူ ပေါ်လာတဲ့ အချိန်ကျမှ သားက အကွယ်ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်ရင် အဲ့ကောင် ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး......"

"အာအဲ့လိုလား..... သားက သားရောက်လာမှ အဲ့ကောင်ကြီးက ပေါ်လာတယ်ထင်ပြီး ရှေ့ကို မြန်မြန်ရောက်ဖို့ပဲ ဇွတ်လောနေမိတာ.... စောင့်ရကောင်းမှန်း မသိခဲ့ဘူး.....ဒယ်ဒီပြောပြမှပဲ အဆင်ပြေသွားတော့တယ်....."

သားက သူ့ကို စိတ်အေးသွားသော အပြုံးလေးဖြင့် ပြုံးပြီးပြောလာလျှင် ယော သားကို နူးညံ့စွာ ကြည့်မိသည်။

သူနဲ့ သိပ်တူလွန်းသည့် သားလေးကို ကြည့်နေရင်းနဲ့ပင် ယော ဂုဏ်မယူမိဘဲ မနေနိုင်။

ပိုးရုံဟာ သားကို သူနဲ့တစ်ပုံစံထဲ ချွတ်စွပ်တူအောင် မွေးထားပေးခဲ့သည့်အတွက် သားနဲ့သူ့ကို တွဲပြီး မြင်ဖူးကြသည့် လူတိုင်းဟာ သားအဖနှစ်ယောက်က ဘာလို့ အဲ့လောက်ထိ တစ်ထေရာထဲ တူရတာလဲဆိုသည့် စကားကို အမြဲပြောသည်။

❤️ Love & Fortune ❤️Where stories live. Discover now