❤️ အပိုင်း 29 ❤️

11.8K 426 10
                                    

❤️ Love & Fortune ❤️

အပိုင်း 29

ပိုးရုံ သူ့ကိုလှမ်းပြီး အကဲခတ်ကြည့်လိုက်ကာ စကားပြောဖို့ကြံလိုက်ရုံရှိသေးသည်....အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ သူမဖုန်းလေးက မြည်လာခဲ့တာကြောင့် ပိုးရုံ ဖုန်းဆီကိုပဲ အရင်သွားလိုက်၏။

သူမဖုန်းမြည်သံကို ကြားလျှင် Laptop keyboard မှာရွေ့လျားနေသည့် ယောရဲ့ လက်ချောင်းတွေဟာ ရပ်တန့်သွားရပြီး သူမဖုန်းကို အလိုလို နားစွင့်မိသွားရသည်။

ပိုးရုံ ဖုန်းကိုင်လိုက်ရာ သူငယ်ချင်းဖြစ်သူ စ၀်ဆီမှ ဖြစ်နေတာကြောင့် ၀မ်းသာသွားရ၏။

အမယ်... ဒီကောင် သူမဆီကို ဖုန်းတွေဘာတွေဆက်လို့ပါလား....

သူ့ရဲ့ ပြည်တွင်းနံပါတ်နဲ့ ဆက်နေတာမို့ စ၀်တစ်ယောက် မြန်မာပြည်ပြန်ရောက်နေတာလားဟု စိတ်ထဲမှ တွေးမိသွားပြီး ပိုးရုံ ချက်ချင်းဖုန်းကို ကိုင်လိုက်သည်။

"ဟဲ့ စ၀်..... ပြည်တွင်းဖုန်းနံပါတ်နဲ့ ငါ့ဆီလှမ်းဆက်တာပါလား.... ဘာလဲ နင် မြန်မာပြည်ကို ပြန်ရောက်နေပြီလား....."

ဟဲ့ စ၀်.... ဆိုပြီး သူမရဲ့ ၀မ်းသာအားရ နှုတ်ဆက်သံကို ကြားလိုက်ရလျှင် ယော နှုတ်ခမ်းတွေ ပိုပြီးတည်တင်းသွားရကာ မေးကြောကြီးတွေပင် ထောင်လာရသည်။

"ငါပြန်ရောက်ရောက်ချင်း နင့်ဆီကို ဖုန်းဆက်သေးတယ် ပိုးရုံရဲ့..... နင့်ယောကျာ်း လာကိုင်တာလေ... နင်အိပ်ပျော်နေတယ်ဆိုလို့ ငါအခုမှပြန်ဆက်လိုက်တာ....နင့်ကို ငါဖုန်းဆက်တာ နင့်ယောကျာ်း ပြန်မပြောပြဘူးလား.... "

"အယ် ဟုတ်လား....."

"အေး ဟုတ်တယ် "

စ၀်ဖုန်းဆက်တာကို သူက ကိုင်လိုက်သေးတာလား..... ပိုးရုံ သူ့ကို လှမ်းကြည့်တော့ သူက မသိချင်ယောင်ဆောင်ကာ အလုပ်ကို ဆက်လုပ်နေ၏။

ပိုးရုံလဲ သူမဖုန်းပြောတာကြောင့် သူ အနှောင့်အယှက်ဖြစ်မှာဆိုးပြီး  လေသာဆောင်ဘက်ကို ထွက်လာခဲ့မိသည်။

သူမက တံခါးလေးဖွင့်ကာ အပြင်ဘက်လေသာဆောင်မှာ ဖုန်းသွားပြောလျှင် ယောမှာ မကျေမချမ်းဖြင့် စုတ်သပ်လိုက်မိသည်။

❤️ Love & Fortune ❤️Where stories live. Discover now