❤️ အပိုင်း 79 ❤️

6K 306 7
                                    

❤️ Love & Fortune ❤️

အပိုင်း 79

ဒီနေ့တော့ သူမတို့မိသားစုရယ်၊ Mrs.ဟန်နဲ့ မာန်လေးရယ်က ပြင်သစ်လို့ပြောလိုက်တာနဲ့ အရင်ဆုံးမြင်ယောင်ဖြစ်မယ့် Eiffel Tower ဆီသို့ အလည်အပတ်ရောက်ရှိလာခဲ့ရသည်။ ဥက္ကဌဟန်ကတော့ ကုမ္ပဏီမှာ အလုပ်တွေရှိနေတာမို့ လိုက်မလာခဲ့ပေ။

သမီးက ယောကို ချီခိုင်းထားပြီး သားလေးကတော့ စရောက်ထဲက camera တစ်လုံးနဲ့ video လေး ရိုက်ပြီး အလုပ်ရှုပ်နေသည်။

"ညလေး လာလေ...."

ယောက လူတွေအများကြီးကြားထဲမှာ သူမပျောက်သွားမှာဆိုးသည့်အလား လက်ကို လာဆွဲနေ၍ ပိုးရုံပြုံးမိရသေးသည်။

"ကဲပါ ယောရယ်.... ညလေး မပျောက်ပါဘူး.... ကိုယ့်ဘာသာလမ်းကို လွတ်လွတ်လပ်လပ်လျှောက်ပါ .... "

သမီးဖြစ်သူ ၀က်ပေါက်စကိုလဲ ချီထားရသေးတာကြောင့် ယောကို လွတ်လွတ်လပ်လပ်သာ ပိုးရုံ လျှောက်ခိုင်းလိုက်သည်။

"၀ါး ကြိုးကြိုးတို့ Eiffel Tower ကြီးဆီရောက်လာပီ .... ဒယ်ဒီ ... ဒယ်ဒီ မျှော်စင်ကြီးက အမြင့်ကြီးပဲနော်....."

"အွန်း အမြင့်ကြီးပဲပေါ့ သမီးရဲ့ ... Tower ကြီးက အမြင့်ပေပေါင်း 1050 တောင် ရှိတာလေ.... "

"အူး၀ါး 1050 ပေဆိုသော့ ဘယ်လောက်တောင်ရဲ ဒယ်ဒီ .... ကြိုးကြိုးရဲ့အရပ်ရေးကရော ဘယ်နှစ်ပေရှိသာရဲဟင် ... "

"ကြိုးကြိုးရဲ့အရပ်လေးက 3ပေနဲ့ 4လက်မ ... အဲ့လိုဆိုတော့ လက်မနဲ့တွက်ရင် 40 လက်မပေါ့ ... ဒီ Tower ကြီးက 1050 ပေဆိုတော့ 12,600 လက်မ ... 12,600 လက်မကို 40 လက်မနဲ့စားရင် 315 ပေါ့ .... "

"ဘယ်ရို 315 ရဲ ဒယ်ဒီ ... ကြိုးကြိုး နားလည်၀ူး .... "

"ဒယ်ဒီပြောချင်တာက ကြိုးကြိုးလေး 315 ယောက်ကို ဆင့်ပြီးရပ်ခိုင်းထားမှ ဒီ Tower ကြီးနဲ့ အမြင့်အတူတူဖြစ်မှာ... "

"ကြိုးကြိုး 315ရောက်က တစ်ရောက်ပေါ်တစ်ရောက် ဆင့်ပီးရပ်နေမှ ဒီ tower ကြီးကို မှီမှာရား ဒယ်ဒီ .... အဲ့ရို ပြောသာရား .... "

" ဟုတ်တာပေါ့ သမီးရဲ့ .... အဟွန်း ဒယ်ဒီပြောတာကို ချက်ချင်းသဘောပေါက်တယ်ကျန်း .... ဒယ်ဒီ့သမီးလေးက တော်လိုက်တာ...."

❤️ Love & Fortune ❤️Onde as histórias ganham vida. Descobre agora