❤️ အပိုင်း 78 ❤️

5.9K 327 10
                                    

❤️ Love & Fortune ❤️

အပိုင်း 78

Y Corporation နဲ့ M Group တို့ရဲ့ မိသားစုနှစ်စု နေ့လယ်စာ အတူတူစားပြီးတဲ့နောက်မှာတော့ ဥက္ကဌနှစ်ယောက်ဖြစ်တဲ့ ယောနဲ့ ဥက္ကဌဟန်တို့က လုပ်ငန်းကိစ္စဆွေးနွေးဖို့ အိမ်ထဲမှာကျန်ရစ်ခဲ့ကာ သူမနဲ့ Mrs.ဟန်ရယ်၊ ကလေး ၃ယောက်ရယ်ကတော့ လှပတဲ့ဥယျာဥ်လေးထဲသို့ ထွက်လာခဲ့ကြသည်။

"ဥယျာဥ်လေးက သာယာလိုက်တာအစ်မရယ် .... ပန်းလေးတွေကလဲ ရောင်စုံနဲ့.... လှလိုက်တာကြည့်ပါဦး .... တော်တော်တော့ ဂရုစိုက်ရမယ်နော်....."

"အစ်မက ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နေရတာနဲ့ပဲ ဘာမှမလုပ်ဖြစ်ပါဘူးညီမလေးရယ်.....ဒီဥယျာဥ်လေးကိုလဲ ဥယျာဥ်မှူးလက်ထဲပဲ အပ်ထားရတာ .... ဟောဟိုက ကြိုးကြိုးလေးကြည့်နေတဲ့ ပန်းခင်းလေးကတော့ သိပ်မကြာသေးတဲ့အချိန်ကမှ သားစိုက်ခိုင်းထားတာလေ.... သားက ကြိုးကြိုးလေးတို့ မောင်နှမလာရင် ပြလို့ရအောင်ဆိုပြီး ဥယျာဥ်မှူးကြီးကို အပူကပ်ပြီး စိုက်ခိုင်းထားတာ....."

Mrs.ဟန် စကားကြောင့် ပိုးရုံ ပြုံးလိုက်မိသည်။

"သားက ဟိုးငယ်ငယ်လေးထဲက သူ့အတွက်ညီမလေးတစ်ယောက်လောက် လိုချင်နေခဲ့တာ ညီမရဲ့ .... အစ်မကလဲ သားကိုမွေးပြီးထဲက ကျန်းမာရေးအခြေအနေကြောင့် ကလေးထပ်ယူဖို့ မဖြစ်နိုင်တော့ဘူးလေ.....အဲ့တာကြောင့် အစ်မသားလေးက တစ်ယောက်ထဲပဲ အထီးကျန်စွာကြီးပြင်းခဲ့ရတာ .....

ဒီကြားထဲမှာ အစ်မရော သူ့အဖေရောက ကိုယ့်ကိစ္စနဲ့ပဲကိုယ်ရှိနေခဲ့ကြ​ပြီး သားလေးကို ဂရုမစိုက်နိုင်ခဲ့တော့ သားလေးက အရွယ်နဲ့မလိုက်အောင် အရမ်းကိုသွေးအေးလွန်းသွားခဲ့တာ..... အစ်မလဲ ကိုယ့်အမှားကိုမြင်ပြီး သားအတွက် အချိန်ပြန်ပေးပြီး ဂရုစိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီလေ....

သားငယ်ငယ်လေးထဲက နာနီလုပ်ပေးခဲ့တဲ့ ကြီးကြီးမြင့်ဆိုတဲ့ အဒေါ်ကြီးကိုတော့ သားက ခင်တွယ်တယ် .... အဲ့တာကြောင့် သားက အဲ့အဒေါ်ကြီးကိုတော့ ရင်ဖွင့်တယ်လေ.... သူ့သူငယ်ချင်းနှစ်ယောက်လုံးမှာ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ညီမလေးတွေရှိတယ်တဲ့ ..... ဒါပေမဲ့ ကြည့်ရတာ ဇ လေးရဲ့ ညီမလေးတွေထက် သားက ကြိုးကြိုးလေးကို ပိုပြီးချစ်ခင်တဲ့ပုံပဲ ....."

❤️ Love & Fortune ❤️Where stories live. Discover now