❤️ အပိုင်း 9 ❤️

13K 531 10
                                    

❤️ Love & Fortune ❤️

အပိုင်း 9

သားရဲ့ သူငယ်ချင်းအမေတွေနဲ့ သူမ တွေ့ဆုံမယ့် Restaurant ရှေ့ရောက်တော့ ယော ကားကို ငြင်သာစွာ ရပ်ပေးလိုက်သည်။

"သား မာမီသွားပြီနော်.... "

"ဟုတ် မာမီ "

"ကျွန်မသွားတော့မယ် ယောနိုင်ငံ...."

"အင်း ...."

သူမက ကားနောက်ခန်းထဲ လှည့်ကြည့်ကာ သားအား နှုတ်ဆက်ပြီးသွားတော့မှ
သူ့ကို တစ်ချက်ကြည့်ကာ သွားတော့မယ်ဆိုတဲ့အကြောင်း နှုတ်ဆက်လာသည်။

"မင်းတို့ တွေ့ဆုံပွဲပြီးခါနီးရင် ဖုန်းဆက်လိုက်လေ.....ကိုယ်နဲ့ သားထွက်လာခဲ့မယ်..... "

"မဟုတ်တာ.... ရှင်တို့သားအဖ ကိုယ့်ဟာကိုယ်သာ အေးဆေး tennis ရိုက်ကြပါ .... ကျွန်မ သူတို့နဲ့ တွေ့ ပြီးသွားရင် ကိုယ့်ဘာသာပဲ ပြန်လိုက်မယ်....."

သူမက ထိုသို့ပြောပြီး ကားထဲမှ ထွက်ဖို့ပြင်နေတာကြောင့် ယော သူမရဲ့ လက်ကောက်၀တ်လေးကို လှမ်းဆွဲလိုက်မိသည်။ ဒါကို သူမက အထူးအဆန်းသဖွယ် လှည့်ကြည့်လာသည်။

"ဘာလုပ်တာလဲ...."

"လာကြိုမယ်.....ဖုန်းသာ ဆက်လိုက် "

"ပြီးရော ... ပြီးရော ဆက်လိုက်မယ်... လက်ကိုလွှတ်တော့.... "

ထိုအခါမှ ယော သူမလက်လေးကို ပြန်လွှတ်ပေးလိုက်မိသည်။ သူမကတော့ ပွစိပွစိလုပ်ကာ ကားပေါ်မှ ဆင်းသွား၏။

သူမ ဆိုင်ထဲ၀င်သွားပြီဆိုတော့မှ ယောလဲ ကားကို Tennis ကွင်းဘက်သို့ ချိုးကွေ့လိုက်သည်။

ပိုးရုံ ဆိုင်ထဲ၀င်လာတော့ မစန္ဒီနဲ့အတူအမျိုးသမီးတစ်စု အုပ်စုဖွဲ့ပြီး ထိုင်နေကြတာကို တွေ့၏။ သူမက သူစိမ်းဖြစ်တာကြောင့် အဲ့ဒီ၀ိုင်းကို ဘယ်လိုသွားပြီး ၀င်ထိုင်ရမလဲမသိလို့ အကြပ်တွေ့နေတုန်းမှာပဲ မစန္ဒီက သူမအားမြင်သွား၏။

"ဟယ် ပိုးရုံ ညီမလေး ရောက်လာတယ် ကြည့်စမ်း.... အစ်မက မလာဖြစ်လောက်ဘူး ထင်နေတာ.... လာလာ ညီမလေး "

မစန္ဒီက ထိုင်နေရာမှ ထလာပြီး သူမ လက်ကလေးဆွဲကာ စားပွဲဆီခေါ်သွားတော့မှသာ ပိုးရုံ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

❤️ Love & Fortune ❤️Where stories live. Discover now