🚨 အပိုင်း 50 🚨

17K 376 7
                                    

🚨 Love & Fortune 🚨

အပိုင်း 50

အပန်းဖြေခရီးထွက်တုန်းက ဟိုတယ်ခန်းထဲမှာ ရိုက်ထားခဲ့သည့် မိသားစုဓာတ်ပုံလေးကို အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း
ပုံကြီးချဲ့ကာ သူမတို့ အခန်းရဲ့ နံရံမှာချိတ်ဆွဲလိုက်နိုင်ပြီမို့ ပိုးရုံကျေနပ်စွာပြုံးလိုက်မိသည်။

ပုံထဲမှာ သူမတို့မိသားစု ၄ယောက်လုံး ညအိပ်၀တ်စုံလေးတွေဆင်တူနဲ့ ချစ်ဖို့ကောင်းအောင်ပြုံးနေကြတာကြောင့် ပိုးရုံ ထိုဓာတ်ပုံလေးကိုကြည့်ရင်း ကြည့်ရင်းနဲ့ သဘောတွေကျလာရသည်။

သားလေးရွေးပေးတဲ့ဒီပုံလေးက သူမတို့ရိုက်ထားသမျှပုံတွေထဲမှာ တကယ့်ကိုအကောင်းဆုံးပုံလေးပင်။ ဓာတ်ပုံထဲမှာတော့ သူမက သမီးလေးကို ချီထားပြီး ယောက သားလေးကိုဖက်ထားသည်။

များသောအားဖြင့် တည်တင်းနေသည့်မျက်နှာမျိုးနှင့်သာ နေတတ်သော​ယောကလဲ ဒီပုံထဲမှာတော့ ချစ်ဖို့ကောင်းအောင်ပြုံးနေခဲ့သည်။

သူတို့ရဲ့ တစ်မိုးအောက် ဥက္ကဌယောရဲ့ ပြုံးနေတဲ့ ဒီပုံလေးကို ယောရဲ့၀န်ထမ်းတွေသာမြင်လျှင် ဘယ်လိုမျိုး တုံ့ပြန်လာကြမလဲဆိုတာ ပိုးရုံတကယ်ပဲ သိချင်မိ၏။

ထို့ကြောင့် သူမဖုန်းထဲတွင်ရှိနေသေးသော ထိုပုံလေးကို facebook မှာပါ တင်ရန် ပိုးရုံဆုံးဖြတ်လိုက်သည်။

အစက သူမ Account မှာ သူမတစ်ယောက်ထဲ တင်မို့ပါပဲ.... နောက်တော့ အတွေးတစ်ခု၀င်လာပြီး စီးပွားရေးအကြောင်းတွေပဲရှိနေတဲ့ ယောရဲ့ Account ကိုပါ Tag တွဲပြီးတင်လိုက်သည်။

ထို့နောက် ပုံလေးကို နောက်တစ်ကြိမ် ပြန်မော့ကြည့်လိုက်လျှင် ယောက သူမရဲ့အနောက်သို့ရောက်လာကာ သူမခါးလေးကိုလာဖက်သည်။

"အဲ့ဒီပုံလေးကို အဲ့လောက်တောင်သဘောတွေကျနေတာလား...."

"အွန်း ... အရမ်းချစ်ဖို့ကောင်းလို့လေ ယောရဲ့ ... ကြည့်ပါလား ပုံထဲမှာ ညလေးတို့ ၄ယောက်လုံး ပြုံးနေကြတာလေးက တကယ်ချစ်ဖို့ကောင်းတယ်လေ .... ဪ ဒါနဲ့လေ ခုဏက ဒီပုံလေးကို ညလေး facebook ပေါ်တင်လိုက်တယ်သိလားယော ...."

❤️ Love & Fortune ❤️Where stories live. Discover now