❤️ အပိုင်း 49 ❤️

8.4K 359 13
                                    

❤️ Love & Fortune ❤️

အပိုင်း 49

ကလေးထိုင်ခုံအဖြူရောင်လေးပေါ်တွင်
ဇိမ်အခန့်သားနဲ့ ကျကျနနထိုင်ပြီး မျက်မှန်သေးသေးလေးတပ်ထားသော
ခြိမ်းရဲ့ ညီမလေးကိုကြည့်ပြီး မာန်ပြုံးလိုက်မိသည်။

ခြိမ်းမာမီခွံ့ကျွေးနေတဲ့ ဖြည့်စွက်စာလေးကို တမြုံ့မြုံ့နဲ့ အဆက်မပြတ်စားနေတဲ့ ပေါက်စလေးကို မာန် ဘယ်လိုမှ အသည်းမယားဘဲ မနေနိုင်ပါ။

အဖြူခံမှာ အ၀ါရောင်ပန်းပွင့်လေးတွေပါသည့် ကလေးရေကူး၀တ်စုံလေးကို၀တ်ထားပြီး ခေါင်းမှာလဲ အ၀ါရောင်ခေါင်းပတ်လေးကိုပတ်ထားကာ ထိုင်ခုံလက်ရန်းပေါ် လက်နှစ်ဖက်တင်ပြီး လူကြီးလူကောင်းဆန်ဆန် ဖြည့်စွက်စာကိုစားနေပုံလေးက မာန့်အား တစ်မျိုးတစ်မည် စိတ်၀င်စားစေသည်။

ထို့ကြောင့် လူကသာ ရေကူးကန်ထဲရောက်နေပေမယ့် မာန် မကြာခဏဆိုသလို မလှမ်းမကမ်းရှိနေသည့် ထိုဘေဘီလေးဆီပဲ အကြည့်က ရောက်ရောက်နေမိသည်။

"ဟေ့ကောင် မာန်.... မင်း ခြိမ်းညီမလေးကို ကြည့်လှချည်လား....."

"ဟမ်...."

သူ အကြည့်သူခိုးလုပ်နေတာကို ဇ ကမိသွားသောအခါ မာန်ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ အငိုက်မိသွားရသည်။

"မ....မကြည့်ပါဘူး မင်းကလဲ ...."

"အံမယ်.... မင်း ငါ့ကိုလာမညာနေပါနဲ့နော်..... မင်းခုဏထဲက ခြိမ်းညီမလေးကို လှမ်းလှမ်းကြည့်နေတာ ငါမြင်သားပဲ....
လူကသာ ရေကူးကန်ထဲရောက်နေတာ....မင်း ရေမကူးဘဲ ကြိုးကြိုးကိုပဲ
ကြည့်နေတာလေ....​..ငါ့ဒီမျက်လုံးတွေနဲ့ သေချာအတည်ပြုပြီးမှ ပြောတာ....မင်း ညာဖို့ စိတ်မကူးနဲ့နော် ...."

"အဟမ်း..... အဲ့ဒီကလေးလေးနာမည်က ကြိုးကြိုးတဲ့လား....."

"အေး ခြိမ်းပြောပြတာလေ..... အိမ်ခေါ်နာမည်က ကြိုးကြိုး .... နာမည်ရင်းကတော့ ညနှောင်ကြိုးတဲ့.....လူလေးရော နာမည်လေးရော ချစ်စရာလေးနော်....ခြိမ်းတို့တစ်အိမ်လုံး သည်းသည်းလှုပ်မယ်ဆိုရင်လဲ သည်းသည်းလှုပ်ချင်စရာပဲ..... ငါတို့အိမ်က ပေါက်စလေး၂ယောက်လဲ အဲ့ဒီကြိုးကြိုးလေးလိုပဲ ဖြစ်လာမယ်ထင်တယ်....."

❤️ Love & Fortune ❤️Where stories live. Discover now