❤️ အပိုင်း 38 ❤️

12.1K 420 7
                                    

❤️ Love & Fortune ❤️

အပိုင်း 38

ပျင်းစရာကောင်းလွန်းလှတဲ့ ပါတီပွဲတစ်ခုလုံးကို ယော ခြုံငုံကြည့်ရှုလိုက်ရင်းနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

စီးပွားရေးလောကထဲကို သူခြေစုံပစ်ပြီး၀င်ရောက်လာထဲက ဒီလို ပါတီပွဲမျိုးကို မရေမတွက်နိုင်လောက်အောင် ယော တက်ရောက်ခဲ့ဖူးသည်။

ဒါပေမဲ့ အခုတစ်ခေါက် ပါတီပွဲကတော့ သမီးလေး မွေးပြီးမှ ပထမဆုံးအကြိမ် ပြန်ပြီးတက်ရောက်ရသည့် ပါတီပွဲဖြစ်တာမို့ အလွန်ပျင်းဖို့ကောင်းလွန်းသည်ဟု ယော ထင်မိ၏။

အရင်က ပါတီပွဲတွေမြောက်မြားစွာကို သူတက်ခဲ့တုန်းက ဘာမှမခံစားရပေမယ့် အခုတော့ သမီးလေး မွေးပြီးထဲက ကုမ္ပဏီမှ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြင်ချင်နေသည့် သူ့စိတ်ကြောင့်ပဲ ဒီပါတီပွဲကို ပျင်းစရာကောင်းသည်ဟု မြင်လာတာလားတော့ ယောလဲ မပြောတတ်ပါ။

လွန်ခဲ့တဲ့ ၇နှစ် သူ Y Corporation ကို စတင် လက်လွှဲယူတဲ့အချိန်ထဲက သူနဲ့ အတူတူ ဖက်စပ်စီးပွားရေးတွေ လုပ်ခဲ့ကြတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပွဲမို့သာ ယောမဖြစ်မနေ လာတက်ပေးရတာဖြစ်၏။

သူ့စိတ်ကတော့ အိမ်မှာပဲရှိနေသည်။

ဒီအချိန်ဆို ညလေးတို့သားအမိတွေ ဘာလုပ်နေကြလောက်မလဲ။

သားနဲ့ ညလေးက သမီးလေးရဲ့ ဘေးမှာပဲ ထိုင်ပြီးမြူနေကြမှာလား။

ညလေးတို့ သားအမိတွေကို လွမ်းသည့်စိတ်ဖြင့် ယော နောက်တစ်ကြိမ် ပင့်သက်ရှိုက်လိုက်မိသည်။

သူ အိမ်မြန်မြန်ပြန်ချင်နေပြီဖြစ်တာကြောင့် စိတ်ထဲမှလဲ ဒီပါတီပွဲ မြန်မြန်ပြီးပါစေဟု ဆုတောင်းနေမိသည်။

"ဥက္ကဌယော....."

ထိုစဥ် Y Corporation ရဲ့ လုပ်ငန်းတော်တော်များများကို ကြော်ငြာ ရိုက်ကူးပေးသည့် ဒါရိုက်တာနေရှင်းသန့်က သူ့အနားသို့ ရောက်လာတာကြောင့် ယော ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

"ကိုနေရှင်းသန့်ပါ ဒီကိုရောက်နေတာလား...."

"ဟုတ်တယ် ဥက္ကဌယောရဲ့ ....ကျွန်တော်က ဟိုဘက်မှာရှိနေတာလေ..... ခုဏကမှ ဥက္ကဌယောကို လှမ်းတွေ့တာနဲ့ ဒီဘက်ကိုလာခဲ့တာ......"

❤️ Love & Fortune ❤️Where stories live. Discover now