❤️ အပိုင်း 81 ❤️

6.1K 284 4
                                    

❤️ Love & Fortune ❤️

အပိုင်း 81

သားလေးက သင်တန်းပြီး၍ ဆေးရုံသို့ရောက်လာချိန်မှာတော့ ကလေးနှစ်ယောက်ကို အမေနဲ့ထားခဲ့ကာ ပိုးရုံ အိမ်သို့ခဏပြန်ဖြစ်သည်။

အိမ်က မပြန်လို့လဲမဖြစ်ပေ။ ခဏတော့ပြန်မှရမည် ။ ယော ဆေးရုံတက်ထဲက သူမရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို လိုသလောက်လေးယူပြီး ဆေးရုံမှာပဲ နေနေဖြစ်တာ။ ဒါတောင် ကိုကြီးက အိမ်မှာ ကလေးတွေနဲ့လာနေပေး၍သာတော်တော့၏။

ပိုးရုံ အိမ်ကိုပြန်ပြီးတော့ ကလေးတွေစားဖို့အတွက် ဟင်းလေးတွေလုပ်ပေးခဲ့ပြီး ယောခံတွင်းမြိန်စေမယ့် ဟင်းလေးနှစ်မျိုးသုံးမျိုးလောက်ကိုလဲ ချက်ပြီးယူလာချင်သေးသည်။

ဆေးရုံက ကျွေးတာတွေကို ယောက အဆင်ပြေတယ်ဟုပြောပေမယ့် စားလို့မမြိန်ဘူးဆိုတာ ပိုးရုံသိသည်။

ထို့ကြောင့် အိမ်ပြန်လမ်းမှာ city mart ထဲအရင်၀င်လိုက်ကာ ဟင်းချက်စရာအချို့၀ယ်ပြီးမှ ပိုးရုံ အိမ်သို့ပြန်ခဲ့သည်။

သူမအိမ်ပြန်ရောက်လျှင် မျိုးမျိုးနဲ့ မွန်မွန်တို့ ညီအစ်မက အံ့သြတကြီးဖြစ်နေကြသည်။

"ဘာမှမအံ့သြနေကြနဲ့ .... ငါက အိမ်ခဏပြန်လာတာ.... ပြီးရင် ပြန်သွားရဦးမှာ...."

"ဪမသိပါဘူး.... မမလေးက ဒီည အိမ်ပြန်အိပ်မှာလားလို့ မျိုးမျိုးကထင်သွားတာ .... "

"အိမ်ပြန်မအိပ်နိုင်ပါဘူးဟယ်.... ယောကို ငါစောင့်ပေးမှဖြစ်မှာပေါ့.... အခုက ရေလေးခဏလာပြန်ချိုးပြီး သားနဲ့သမီးစားဖို့အတွက် ဟင်းလေးတွေလဲ လုပ်ပေးခဲ့မို့လေ... ပြီးတော့ ယောအတွက်လဲ ဟင်းလေး ၂မျိုး ၃မျိုးလောက် ယူသွားမို့ .... ဆေးရုံက ကျွေးတာတွေက အရသာသိပ်မရှိဘူးလေ ....ယောကို အပြင်စာလဲ မကျွေးချင်တာနဲ့ ငါပဲ အိမ်ကို ခဏပြန်လာလိုက်တာ....."

"မမလေး အိမ်ပြန်လာတာတော်သေးတယ်ရယ်..... မျိုးမျိုးတို့လဲ အတတ်နိုင်ဆုံး ကြိုးစားပြီးချက်ပေမယ့် အရသာမရှိဘူးဆိုပြီး ကြိုးကြိုးလေးက လုံး၀မစားဘူးသိလား..... "

"ဟယ် အဲ့တာဆို ကလေးတွေ ဘာနဲ့ စားကြလဲ ...."

"အစ်ကိုကြီးစောမာန်က အပြင်ကနေ အမြဲ မှာကျွေးတယ် မမလေး ..... ခြိမ်းလေးကတော့ မျိုးမျိုးတို့ချက်တာလဲစားပေမယ့် ကြိုးကြိုးကတော့ အစ်ကိုကြီးစောမာန် မှာပေးတာတွေပဲ စားတယ်....."

❤️ Love & Fortune ❤️Where stories live. Discover now