❤️ အပိုင်း 83 ❤️

6.2K 306 7
                                    

❤️ Love & Fortune ❤️

အပိုင်း 83

"ဒါကတော့ အစ်မတို့အိမ်ရဲ့ ဧည့်ခန်းလေးပါ..... ညစာစားပြီးချိန်ဆို အစ်မတို့ မိသားစုလေး အတူတူ အချိန်ကုန်ဆုံးဖြစ်တဲ့ နေရာလေးပေါ့ ...... "

"TV ကြီးက အကြီးကြီးပဲနော်ဆရာမ...."

"အဟင်း ဟုတ်တယ်.... သူတို့သားအဖတွေက TV ဆို ခပ်ကြီးကြီးပဲ ကြိုက်ကြလို့လေ...... "

"TV ကရော တစ်မိသားစုလုံးကြည့်ဖြစ်ကြတာလား ဆရာမ..... "

"အဓိကကတော့ သူတို့သားအဖတွေ ကြည့်တာပါ..... သူက တစ်ခါတလေ စီးပွားရေးချန်နယ်လ်တွေကြည့်တယ်လေ... ကလေးတွေကတော့ YouTube ကြည့်ကြတာများတယ်.... တစ်ခါတလေ ကာတွန်းကားလေးတွေလဲကြည့်ကြတယ်.... အစ်မကတော့ သူတို့သားအဖ ကြည့်တာပဲ လိုက်ကြည့်ရတာပါ....."

ပိုးရုံ ပြောရင်းနဲ့ ရယ်လိုက်မိသည်။

"ဒီစားပွဲခုံရေးက ကိုကိုနဲ့ ကြိုးကြိုးတို့ စာသူသူလုပ်ကြသဲ့နေရာရေးရေ .... ကိုကိုက ဒီမှာထိုင်သာ.... ကြိုးကြိုးကသော့ ဒီနေရာရေးမှာ ထိုင်သာ....ဒယ်ဒီနဲ့မာမီက ဟိုဆိုဖာရေးပေါ်မှာ ထိုင်ကြသာ....."

အိမ်လေးကို လိုက်ပြသည့်နေရာမှာ သမီးကပါ ၀င်၀င်ပြီးပြောပြတာကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေမှာ သဘောတွေ ကျနေကြသည်။

"ဒီဘက်ကတော့ မီးဖိုချောင်နဲ့ ထမင်းစားခန်းလေး .... အဲ့နှစ်ခုကိုက ကပ်ရပ်လေးပဲ လုပ်ထားလိုက်တာ .... ဟိုဘက်ကတော့ toilet .... "

"မီးဖိုချောင်လေးကလဲ သေသေသပ်သပ်နဲ့ ပစ္စည်းလေးတွေလဲ တော်တော်စုံတယ်နော် ဆရာမ....."

"ဟုတ်တယ်ရယ် ပစ္စည်းလေးတွေကတော့ ဒီလိုပဲ တစ်ခုပြီးတစ်ခု၀ယ်စုရာကနေ များသွားတာ ... ကျွန်မက ပိတ်ရက်တွေဆို သူတို့သားအဖတွေကို တစ်ခုခုလုပ်ကျွေးနေကျလေ.... "

"ဘယ်လိုမုန့်မျိုးလေးတွေ လုပ်ကျွေးတတ်လဲဆရာမ......"

"လုပ်ကျွေးဖြစ်တာကတော့ အစုံပါပဲ....အဓိက ပူဆာတာကတော့ ဟောဒီက ကြိုးကြိုးလေးပေါ့....ဟိုဟာလေး စားချင်လို့ ဒီဟာလေးစားချင်လို့မာမီ ဆိုပြီး သူကအမြဲပူဆာနေကျ ..... သူပူဆာတာလေးတွေပဲ အစ်မက အများဆုံးလုပ်ကျွေးဖြစ်တာ.... အဖေဖြစ်သူ နဲ့အစ်ကိုဖြစ်သူကလဲ သူစားချင်တာလေးတွေပဲ လိုက်စားပေးကြတယ်လေ.....

❤️ Love & Fortune ❤️Where stories live. Discover now