❤️ အပိုင်း 4 ❤️

13.4K 505 5
                                    

❤️ Love & Fortune ❤️

အပိုင်း 4

ပိုးရုံ အိမ်ရှေ့မှာ ကားကို စက်သတ်ပြီးရပ်လိုက်တာနဲ့ သားက တစ်ခါထဲ ကားပေါ်မှ ဆင်းကာ အိမ်ထဲသို့၀င်သွားသည်။

အိမ်ရှေ့မှာ ယောနိုင်ငံရဲ့ ကားကိုပါ တွေ့လိုက်ရတာကြောင့် ယောနိုင်ငံ ဒီအချိန်ကြီး အိမ်ပြန်ရောက်နေတာလားဟု တွေးမိသွားရ၏။

သူ့အခန်းထဲသူ၀င်သွားတဲ့ သားလေးကို ကြည့်ပြီး ခုဏက ကားပေါ်မှာ ဂျပန်စာသင်တန်း တက်ရဦးမည်ဟု သားပြောခဲ့တာကို ပိုးရုံ အမှတ်ရသွား၏။ ထို့ကြောင့် သားအတွက် အဆာပြေ စားစရာတစ်ခုခုလုပ်ပေးရန် ပိုးရုံ မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့မိသည်။

မီးဖိုချောင်ထဲကို ၀င်သွားတော့ မျိုးမျိုးက ပုစွန်ထုပ်ကြီးတွေကို အခွံချွတ်နေ၏။

"မမလေး ဘာလိုချင်လို့လဲဟင် .... မျိုးမျိုး ဘာလုပ်ပေးရမလဲ ..."

"ဘာမှလုပ်ပေးစရာမလိုပါဘူး.... ကျောင်းက ပြန်လာတဲ့ သားအတွက် အဆာပြေ snack လေးတစ်ခုခု လုပ်ပေးမလို့ မီးဖိုချောင်ထဲ ၀င်လာတာ..... ဒါနဲ့ အိမ်ရှေ့မှာ နင်တို့အစ်ကိုလေး ကားရပ်ထားတာ တွေ့တယ်.... သူ အိမ်ပြန်လာတာလား မျိုးမျိုး "

"ဟုတ်မမလေး.... အစ်ကိုလေးက နိုင်ငံခြားနဲ့ အစည်းအဝေးလုပ်ဖို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ အိမ်မှာကျန်ခဲ့လို့ဆိုပြီး ပြန်လာတာ... ဒါပေမဲ့ အိမ်ကနေပဲ ဟိုနဲ့အစည်းအဝေးလှမ်းလုပ်နေလားတော့ မပြောတတ်ဘူး ... အခုထိ စာကြည့်ခန်းထဲမှာပဲ ရှိပါသေးတယ် မမလေး .... "

"ဟုတ်လား .... အင်းအင်း "

"ဒါနဲ့ မမလေးက ဘယ်လိုအဆာပြေမုန့်လေး လုပ်မို့လဲဟင် "

"ဒီအတိုင်း လွယ်ကူတာ တစ်ခုခုပဲ လုပ်မှာပါ ... အခုနင်အခွံချွတ်နေတဲ့ ပုစွန်တွေကရော ဘာလုပ်မှာလဲ "

"အာ ဒီပုစွန်ကြီးတွေက နောက်နေ့ ခြိမ်းလေး ထမင်းဘူးထည့်တာဖြစ်ဖြစ် နေ့လယ်စာဖြစ်ဖြစ် ချက်လို့ရအောင် အခွံချွတ် အရသာနယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမို့ပါ မမလေး "

"အဲ့တာဆို အဲ့ဒီအခွံချွတ်ပြီးသား ပုစွန် နည်းနည်းကို ငါ့ကိုပေး .... ဘာအဆာပြေမုန့် လုပ်ရမလဲဆိုတာ ငါအတွေးရသွားပြီ.... အိမ်မှာ ပေါင်မုန့်အချပ်တွေလဲ ရှိတယ်မလား..... "

❤️ Love & Fortune ❤️Where stories live. Discover now