🚨 အပိုင်း 92 🚨

14.2K 349 2
                                    

❤️ Love & Fortune ❤️

အပိုင်း 92

ဆေးရုံကနေ အိမ်ကို အပြန်မှာတော့ သမီးက ကားနောက်ခန်းလေးထဲကနေ ခေါင်းလေးထောင်ပြီး ယောအား ဒယ်ဒီဟု လှမ်းခေါ်လာသည်။

"ဒယ်ဒီ ... "

"ဗျာ...."

"ကြိုးကြိုးရေ ဒယ်ဒီကို တစ်ခုပြောစရာရှိရို့ ...."

"ပြောလေ သမီးရဲ့ ....တစ်ခုမဟုတ်ဘူး အများကြီးပြောလဲ ရတယ်......"

ပိုးရုံကတော့ သမီးတစ်ယောက် mukbang အကြောင်းကို ယောအား ပြောပြဖို့ အစပြုနေပြီဆိုတာ ရိပ်မိလိုက်သည်။

"ကြိုးကြိုးကရေ Rose နဲ့ Sweet တို့နဲ့ သူသူ Youtube မှာရေ mukbang ရေးသွေ ရိုက်တင်ချင်ရို့ .... အဲ့သာ ဒယ်ဒီ ခွင့်ပြုမှာရားဟင် .... Rose နဲ့ Sweet တို့ရဲ့ ဒယ်ဒီကသော့ ခွင့်ပြုသယ်သဲ့ ....အာ့ကြောင့် ဒယ်ဒီကရဲ ကြိုးကြိုးရေးကို ခွင့်ပြုပေးရင် ကောင်းမှာပဲ ..... "

"Rose နဲ့ Sweet တို့ရဲ့ ဒယ်ဒီကတောင် ခွင့်ပြုသေးတာပဲ .... ဒယ်ဒီက ဘာလို့ ခွင့်မပြုရမှာလဲ သမီးရဲ့ .... "

"ဒါဆို ခွင့်ပြုသယ်ပေါ့နော် ဒယ်ဒီ .... ရေးးးး အဲ့သာကြောင့် ကြိုးကြိုးက ဒယ်ဒီ့ကို အရမ်းချစ်သာ.... "

လက်သီးဆုပ်လေးတွေကို လေပေါ်မြှောက်ပြီး ပျော်ရွှင်နေတဲ့ သမီးလေးကိုယော နောက်ကြည့်မှန်ထဲကနေတစ်ဆင့် ကြည့်ပြီး ပြုံးလိုက်မိသည်။

"သမီးတို့က ဘယ်လို mukbang မျိုးလေးတွေ လုပ်ချင်တာလဲ .... "

"ကြိုးကြိုးတို့က Youtube ထဲကရိုပဲ ရုတ်မှာ ဒယ်ဒီရဲ့  .... candy ရေးသွေ စားပြသာတို့ ၊ Jelly ရေးသွေ စားပြသာတို့ရုတ်မှာရေ ... ပြီးသော့ ကြိုးကြိုးတို့ တိုင်ပင်ထားကြသာရေးရဲရှိသေးသယ်.... အဲ့သာ ဘာရေးရဲဆိုသော့ မာမီနဲ့ တီတီရုံရုံတို့ကို မုန့်ရေးသွေ ရုတ်ခိုင်းပီး ကြိုးကြိုးတို့က စားပြကြမို့ ဒယ်ဒီ .... "

"အယ် .... မာမီက ကြိုးကြိုးတို့ အစီအစဥ်ထဲမှာ ပါရဦးမှာလား....."

"ပါရအူးမှာပေါ့ မာမီကရဲ .... ကြိုးကြိုးတို့က ကျန်းမာရေးနဲ့ မညီညွတ်သဲ့ အပြင်စာသွေ များကြီးစားမိရင် နေမကောင်းဖြစ်မှာပေါ့ရို့ ....မာမီက ရုပ်ကျွေးသော့မှ ကြိုးကြိုးတို့က သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိသဲ့ မုန့်ရေးသွေ စားရို့ရမှာပေါ့ .... "

❤️ Love & Fortune ❤️Där berättelser lever. Upptäck nu