❤️ အပိုင်း 88 ❤️

5.9K 309 5
                                    

❤️ Love & Fortune ❤️

အပိုင်း 88

ယော သားရဲ့ အခန်းတံခါးလေးကို အရင်ခေါက်လိုက်ပြီးမှ " သား .... ဒယ်ဒီ၀င်လာခဲ့မယ်နော် " ဟုပြောလိုက်လျှင် အထဲမှ သားလေးက "ဟုတ်ဒယ်ဒီ " ဟု အသံလှမ်းပြုလာသည်။

ယော တံခါးလက်ကိုင်ဖုလေးကို လှည့်ပြီး အခန်းထဲကို ၀င်လိုက်တော့ အိပ်ရာပေါ်မှာလှဲအိပ်နေတဲ့ သားလေးကို မြင်လိုက်ရသည် ။

အခန်းအပြင်ကို တစ်ချက်ပြန်ကြည့်ပြီး ညလေး မလိုက်လာဘူးဆိုတာ သေချာတော့မှ အခန်းတံခါးကို lock ချလိုက်ကာ ယော  သားရဲ့ ခုတင်ဆီသို့ လျှောက်လာလိုက်၏။

သားက သူ့ကို မြင်တာနဲ့ လှဲအိပ်နေရာမှ ထလာသည်။

ယော သားရဲ့ ခုတင်လေးမှာ တင်ပါးလွှဲလေး၀င်ထိုင်လိုက်ပြီး....

"ဒီနေ့ ဇလေးနဲ့ ရန်ဖြစ်ကြတယ်ဆို ဟုတ်လား သား ...."

ယော ထိုသို့မေးလိုက်လျှင် သားက သူ့ကို မျက်နှာချင်းမဆိုင်ရဲသည့် ပုံစံဖြင့် ခေါင်းလေးငုံ့သွားသည်။

"ဒယ်ဒီက သားကိုဆူမှာမို့လို မေးတာမဟုတ်ပါဘူး သားရဲ့ .... သားတကယ်ပဲ ရန်ဖြစ်ခဲ့တာလား မဖြစ်ခဲ့ဘူးလားဆိုတာကို သားဆီကနေ ကိုယ်တိုင်အတည်ပြုချင်လို့ မေးတာပါ....."

ထိုတော့မှ သားက ခေါင်းငုံ့ထားရာကနေ ခေါင်းလေးငြိမ့်ပြလာသည်။

"ဟုတ်.... ဒီနေ့ ဘောလုံးပွဲအနိုင်အရှုံး ကိစ္စနဲ့ပတ်သက်ပြီး သား ဇနဲ့ ရန်ဖြစ်ခဲ့တယ် ဒယ်ဒီ .... "

"သားမာမီပြောတာကတော့ သားက ဇလေးကို မခံချင်အောင် အရင်သွားပြောလို့ဆို..... အဲ့တာဟုတ်လား....."

"သားက ဒီအတိုင်းပဲ စလိုက်တာပါ ဒယ်ဒီရဲ့ .... သူလဲသားကို ပွဲမစခင်တုန်းက သူတို့ အသင်းကနိုင်မှာ ဘာညာနဲ့ မခံချင်အောင်လို့ ပြောခဲ့သေးတာပဲ.... ရှုံးသွားမှ အဲ့ကောင်က မကျေမနပ်နဲ့ ရှုံးမဲမဲတာ....."

မာန်နဲ့ သူ့ကို သမီးယောက်ဖလို့ ပြောတဲ့အကြောင်းကိုတော့ ဒယ်ဒီအား ခြိမ်း ပြောပြမနေတော့ပါ။ ဒယ်ဒီက ညီမလေးနဲ့ ပတ်သက်ရင် နည်းနည်းမှ အထိမခံတာကြောင့် ဇ အပေါ်ကို ဒယ်ဒီ အထင်လွဲသွားတာမျိုး ခြိမ်းမဖြစ်စေချင်ပါ။

❤️ Love & Fortune ❤️Where stories live. Discover now