❤️ အပိုင်း 91 ❤️

6.1K 324 8
                                    

❤️ Love & Fortune ❤️

အပိုင်း 91

"ကြိုးကြိုး ကိုကို့ကို တစ်ခုပြစရာရှိသယ်.... "

"ဟုတ်လား ကိုကို့ကို ကြိုးကြိုးလေးက ဘာပြမို့လဲ .... "

"အမှန်အတိုင်းပြောရရင် ကိုကို့ကိုရော ကိုကိုဇကိုရော ကိုကိုကြီးကိုရော ပြရမှာ....ကြိုးကြိုးက မနေ့ညတုန်းက ကိုကိုတို့ ဆုယူသဲ့ ပုံရေးကို ဆွဲထားသာရေ.... အဲ့သာ ကိုကို ကြည့်ချင်ရား ...."

"ကြည့်ချင်တာပေါ့....ကိုကို့ကို ပြပါဦး ကြိုးကြိုးရဲ့ .... ကိုကိုက အခုတောင် အရမ်း ကြည့်ချင်လာပြီ ..... "

"ဟီး ခဏရေးနော်.... ကြိုးကြိုး ထုတ်ရိုက်အူးမယ်....."

သမီးက သူ့လွယ်အိတ်ကလေးကို ဘယ်နား ချမိလို့ချမိမှန်းမသိတော့တာကြောင့် ခေါင်းလေးလည်ပြီးလိုက်ရှာနေလျှင် ပိုးရုံကပဲ သမီးရဲ့ အိတ်ကလေးကို ကူရှာပြီး သမီးလက်ထဲသို့ ထည့်ပေးလိုက်ရသည်။

အဲ့တော့မှ သမီးက လွယ်အိတ်လေးကိုဖွင့်ကာ အထဲမှ ပုံဆွဲစာအုပ်လေးကို ဆွဲထုတ်လိုက်သည်။

"ကိုကိုရပြီ.... ဒီမှာကြည့်ကြည့်...."

သမီးက သူမလေးဆွဲထားတဲ့ပုံလေးကို သူ့အစ်ကိုဆီ အရင်သွားပြလျှင် သားက ပုံလေးကိုကြည့်ပြီး ချက်ချင်းဆိုသလို ပြုံးသွားရသည်။

သမီးဆွဲထားသည့်ပုံလေးက သားလေးတို့တစ်သင်းလုံး အနိုင်ရသွားတဲ့အချိန် ဖလားလေးနဲ့အတူတူ အောင်ပွဲခံနေသော ပုံလေးဖြစ်သည်။

မာန်လေးနဲ့ ဇလေးတို့ကလဲ သမီးဆွဲထားသည့် ပုံလေးကိုကြည့်ချင်တာမို့ သားရဲ့ အနားကို တိုးလာကြသည်။

သမီးက အစ်ကိုဖြစ်သူရဲ့ ရင်ခွင်လေးထဲကနေ လက်ညှိုးလေးထောက်ထောက်ပြီး သူဆွဲထားသည့် ပုံလေးကို ရှင်းပြသည်။

"ဒါက ကိုကို.... ဒီဟာက ကိုကိုဇ .... ဒါရေးက ကိုကိုကြီး .... "

"ဟင်.... ကိုကိုဇရဲ့ ပုံက ဘာလို့ မျက်လုံးမပွင့်တာလဲ ကြိုးကြိုးလေး....."

"ကိုကိုဇက ဆုယူသဲ့အချိန်တုန်းက ပြုံးနေသော့ မျက်ရုံးရေး ပွင့်၀ူးရေ .... အဲ့သာကြောင့် ကိုကိုဇရဲ့ ပုံကို ကြိုးကြိုးက မျက်ရုံး မပွင့်ခိုင်းထားသာ....."

❤️ Love & Fortune ❤️Where stories live. Discover now