❤️ အပိုင်း 97 ❤️

6K 319 6
                                    

❤️ Love & Fortune ❤️

အပိုင်း 97

ယော ပြင်ပေးထားတဲ့ မနက်စာထဲမှ ၀က်ပေါင်ခြောက်လေးကို ပိုးရုံ ခက်ရင်းလေးနဲ့ ထိုးပြီး စားနေတုန်းမှာပဲ ယောက သူမအား ပြုံးပြီးစိုက်ကြည့်နေတာကြောင့် ပိုးရုံစားရင်းနဲ့ မျက်စောင်းလေးလှမ်းထိုးလိုက်မိသည်။

"ဪ ညလေး ဒီအပတ်ပိတ်ရက်ကျရင် ကိုယ်တို့မိသားစုလေး ခရီးထွက်ကြရအောင်.... နှစ်ညအိပ် သုံးရက်လောက်လေးပေါ့......"

"ဟင်ဘာလို့ ရုတ်တရက်ကြီး ခရီးလဲ ယောရဲ့ ...."

"ညလေး ညက ကိုယ့်ကိုစိတ်ကောက်သွားတာနဲ့ပတ်သက်ပြီး သားလေးက စိုးရိမ်နေလို့ ညလေးရဲ့ ..... သားလေးစိတ်ပျော်သွားအောင်လို့ မိသားစုခရီးလေးတစ်ခုလောက်ထွက်မလားလို့ ......."

"ဟင် သားလေးကလား....."

"ဟုတ်တယ် ညလေးရဲ့ .... ကြည့်ရတာ သားရဲ့စိတ်ထဲမှာ ကိုယ်တို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဒဏ်ရာလေးရှိတဲ့ပုံပဲ..... ကိုယ်တို့နှစ်ယောက် တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ အရင်လိုမျိုးပြန်ပြီး အေးစက်သွားမှာကို သားက အရမ်းစိုးရိမ်နေပုံရတယ် ....ဒီမနက် ကိုယ်က ညလေးနဲ့ ပြန်အဆင်ပြေသွားပြီလို့ ပြောလိုက်တော့မှ သားက စိတ်အေးသွားတာ......"

"အဲ့တာဆို ညလေးတို့ ဘယ်လိုလုပ်ကြမလဲဟင် ယော ....."

"ဘယ်လိုလုပ်ရမလဲဆိုတော့ ရှေ့လျှောက်ကို ကိုယ်တို့တွေ သားနဲ့သမီးရှေ့မှာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်လေးနေသွားပြီး သူတို့လေးတွေကို နွေးနွေးထွေးထွေးနဲ့ ချစ်ပေးသွားရမှာပေါ့ ညလေးရဲ့ .....
အဲ့လိုဆို အဆင်ပြေသွားမှာပါ....."

ယောက သူမပခုံးလေးကိုဖက်ပြီး နားထင်နားလေးကိုနမ်းရင်း ပြောလာလျှင် ပိုးရုံ ခေါင်းလေးကို ဖွဖွလေးငြိမ့်မိသည်။

ဟုတ်တော့လဲ ဟုတ်ပါသည်။ ရှေ့လျှောက်မှာ သူမဘက်က ယောကို ဘာမဟုတ်သည့် ကိစ္စလေးတွေနဲ့ စိတ်ကောက်တာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ရမည်။

သမီးလေးက အချစ်တွေကြားထဲမှာ မွေးဖွားလာတာဆိုပေမယ့် သားလေးကတော့ ယောနဲ့သူမရဲ့ အေးစက်စက်အိမ်ထောင်ရေးကြားမှာ ၆နှစ်တောင် နေခဲ့ရတာ မဟုတ်လား။

❤️ Love & Fortune ❤️Where stories live. Discover now