❤️ အပိုင်း 34 ❤️

11.5K 410 9
                                    

❤️ Love & Fortune ❤️

အပိုင်း 34

မျက်မှောင်ကြီး ကျုံ့ပြီး မှုန်ကုတ်နေသော မျက်နှာဖြင့်အိပ်ဖို့ ပြင်နေသော ယောနိုင်ငံကိုကြည့်ကာ ပိုးရုံ ပြုံးမိသွားရသည်။

ညနေက သူမ အတင်းမေးတာနဲ့ မတတ်သာတဲ့အဆုံးမှာ သူ ကြိုးစားပမ်းစားနဲ့ တိတ်တိတ်လေး ပြင်ဆင်နေခဲ့တဲ့ Baby Shower Party လေးအကြောင်းကို ပြောပြလိုက်ရသည့်အတွက် ယောနိုင်ငံတစ်ယောက် အိပ်ခါနီးအချိန်အထိ အခုလိုမျိုး မျက်နှာကြီး မှုန်ကုတ်နေခြင်းဖြစ်၏။

ထို့ကြောင့် ပိုးရုံ မျက်နှာချိုလေးသွေးကာ ပြေလည်ရာပြေလည်ကြောင်းပြောပြီး ပြန်ချော့ရန် ကြိုးပမ်းလိုက်မိသည်။

"အဟွန်း ရှင်ကလဲ အဲ့လိုကြီး မှုန်ကုတ်မနေပါနဲ့ ....ကျွန်မအတွက် ရှင် ကြိုးစားပမ်းစားနဲ့ ပြင်ဆင်ပြီး surprise လုပ်ပေးချင်တဲ့ စိတ်လေးကို ကျွန်မတကယ်တန်ဖိုးထားပါတယ် ....

ဒီလိုလုပ်လေ ဒီနေ့ရဲ့ အဖြစ်အပျက်ကို မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်လေနော်.... မနက်ဖြန် Baby Shower Party လေး အကြောင်းကို ကျွန်မ ဘာမှ မသိဘူးလို့ပဲ သဘောထားလိုက်.....

တကယ်တမ်းလဲ အပြင်အဆင်တွေကို  ကျွန်မ မြင်ရသေးတာမှ မဟုတ်တာ.... အဲ့တော့ ရှင် မနက်ဖြန် ကျွန်မကို အဲ့ဒီနေရာဆီခေါ်သွားရင် ကျွန်မက မြင်မြင်သမျှအားလုံးကို surprise ဖြစ်နေမှာ...ဒီလိုမျိုးလေးလေ  "

သူမက ပါးစပ်ကို လက်လေးနှစ်ဖက်ဖြင့်အုပ်ကာ မျက်လုံးလေးတွေကို ၀ိုင်းစက်ပြီး အံ့သြနေသည့်ပုံစံမျိုးလုပ်ပြလျှင် သူမကိုကြည့်ပြီး ယော ဟွန်းခနဲရယ်လိုက်မိသည်။

သူရယ်လိုက်တော့မှ သူမက သူ့အား ပြုံးစစဖြင့် ကြည့်လာကာ....

"ရှင်တို့ သားအဖကလေ ညနေက တကယ်ရယ်ရတယ်သိလား..... မလိမ်တတ်ဘဲနဲ့ လိမ်ဖို့ ကြိုးစားကြသေးတယ်.... ပြီးတော့ သားအဖနှစ်ယောက် ဇာတ်လဲကြိုမတိုက်ထားကြဘူး.... အကုန်တစ်လွဲတွေချည်းပဲ.... တစ်ယောက်က ကြက်ကြော်ဖြေတယ်....နောက်တစ်ယောက်က ဘာဂါဖြေတယ်.... နောက်ဆုံး ကြက်ကြော်ဖြစ်သွားတော့လဲ ပေါင်စားလား ရင်ပုံစားလားမေးတော့ တစ်ယောက်ကပေါင် ၊ နောက်တစ်ယောက်က ရင်ပုံနဲ့ တကယ်ရယ်ရတယ်......"

❤️ Love & Fortune ❤️Where stories live. Discover now