❤️ အပိုင်း 94 ❤️

6K 307 7
                                    

❤️ Love & Fortune ❤️

အပိုင်း 94

"Aigoo ဘယ်သူ့ရဲ့ မင်းသမီးလေးမို့ ဒီလောက်ထိ ချစ်ဖို့ကောင်းနေရတာပါလိမ့်.... "

သူမနဲ့ ဆင်တူ၀တ်ဖို့ချုပ်ထားသည့် ငွေမှင်ရောင်အခံမှာ Rosey Brown colour ချိတ်လှိုင်းလေးတွေ ရောနေတဲ့ ချိတ်ထဘီလေးရယ်၊ Rosey Brown ပိုးသားစလေးကို အညိုရောင်ဖျော့ဖျော့ ဇာပါပါးလေးနဲ့ တွဲစပ်ကာ ဒီဇိုင်းဆန်းဆန်းလေး ချုပ်ထားတဲ့ မြန်မာအင်္ကျီလေးရယ်နဲ့ အရမ်းတွေ ချစ်ဖို့ကောင်းနေသည့် သမီးလေးကို ကြည့်ပြီး ပိုးရုံ အသည်းယားစွာ ဆိုလိုက်မိသည်။

"မာမီ ကြိုးကြိုးရဲ မှန်ရေး ကြည့်ချင်သယ်....ကြိုးကြိုး ဘယ်ရောက်ချစ်ဖို့ကောင်းနေရဲဆိုတာသိချင်ရို့ .... "

"ခဏနေပါဦး သမီးရဲ့ .... ပြီးရင် ကြည့်ရမှာပေါ့ .... ဒီမှာ မာမီ သမီးကို လက်ကောက်လေး ၀တ်ပေးဦးမယ်..."

မှန်တင်ခုံပေါ် တင်ထားတဲ့ အနီရောင်ကတ္တီပါဘူးလေးထဲက ပန်းရောင်စိန်ပွင့်လေးတွေနဲ့ ပလက်တီနမ်တို့ ရောယှက်ပြီး ပြုလုပ်ထားသည့် လက်ကောက်လေးကို ပိုးရုံ ယူလိုက်ပြီး သမီးရဲ့ လက်တုတ်တုတ်လေးမှာ ၀တ်ပေးလိုက်တော့ သမီးက လက်ကောက်လေးကို ကြည့်ပြီး သဘောတွေကျနေသည်။

"လက်ကောက်ရေးက အရမ်းချစ်ဖို့ကောင်းသာပဲနော် မာမီ ....  "

"ကြိုးကြိုး ကြိုက်လား...."

"အွန့် ကြိုးကြိုး အရမ်းကြိုက်သာပဲ .... မာမီကရော လက်ကောက်၀တ်ဖူးရားဟင် .... "

"မာမီက ခဏနေကျမှ ၀တ်မှာ ....အခု ကြိုးကြိုးလေးကို အရင်ပြင်ဆင်ပေးဦးမယ်လေ....ဆံပင်ကို မာမီ နှစ်ဖက်လေးပဲ ခွဲစည်းလိုက်မယ်နော်..... "

"ဟုတ်မာမီ.... ကြိုးကြိုးက ဘယ်ရိုနေနေ ချစ်ဖို့ကောင်းပီးသားဆိုတော့ မာမီ ကြိုက်သရို စည်းပါ .... "

သူ့လက်ကောက်လေးကို ကိုင်ကြည့်ရင်း ဘယ်လိုနေနေ သူချစ်ဖို့ကောင်းသည့်အကြောင်းကို ထမင်းစားရေသောက်သလိုမျိုး ပြောလာသော သမီးကြောင့် ပိုးရုံ speechless ဖြစ်သွားရသည်။

သူမ သမီးရဲ့ confident level က ဘယ်သူ့မှ လိုက်မမှီနိုင်အောင် so high နေလေပြီ။

❤️ Love & Fortune ❤️Where stories live. Discover now